မြင်းခြံထောင်ရှိ နိုင်ငံရေးအကျဉ်းသူများ ကျန်းမာရေးစောင့်ရှောက်မှု မရ၍ အသက်အန္တရာယ် စိုးရိမ်နေရ

မြင်းခြံထောင်ရှိ နိုင်ငံရေးအကျဉ်းသူများ ကျန်းမာရေးစောင့်ရှောက်မှု မရ၍ အသက်အန္တရာယ် စိုးရိမ်နေရ

အောက်တိုဘာ ၁၃

မဇ္ဈိမ ။ ။ မန္တလေးတိုင်း၊ မြင်းခြံထောင်ရှိ နိုင်ငံရေး အကျဉ်းသူများ ကျန်းမာရေး စောင့်ရှောက်မှု မရသည့်အတွက် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း နိုင်ငံရေးအကျဉ်းသူ တစ်ဦး၏ မိခင်က မဇ္ဈိမကိုပြောသည်။

"သမီးက အရင်ကတည်းက အစာအိမ်သိပ်မကောင်းဘူး။ အခုက အစာအိမ် ခဏခဏ နာနေလို့ ထောင်အရာရှိကိုပြောတာ လာတောင်ကြည့်မပေးတာကြောင့် သူ့အသက် အတွက် စိုးရိမ်နေရတယ်"ဟု နိုင်ငံရေး အကျဉ်းသူ တစ်ဦး၏ မိခင်က ပြောသည်။

အဆိုပါ မြင်းခြံထောင်တွင် ပြီးခဲ့သည့် ရက်ပိုင်းကလည်း အကျဉ်းသူတစ်ဦး အပြင်းဖျား၍ ထောင်ဝန်ထမ်းမှတဆင့် ဆေးကုသပေးရန် အဆင့်ဆင့်ပြောကြားခဲ့သော်လည်း ဆေးကုသမှုမပေးခဲ့ဘဲ နောက်တစ်ရက်မှသာ ဆေးထိုးခွင့်ရခဲ့ကြောင်းသိရသည်။

"ယုံကြည်ချက်နဲ့ အကျဉ်းကျတာလေ။ အဆိုးဆုံးကိုမျှော်လင့်ပြီးသားပဲ။ ဒါပေမဲ့ ဆေးကုခွင့်တော့ ရသင့်တယ်" ဟု နွားထိုးကြီးမြို့မှနိုင်ငံရေး အကျဉ်းသူတစ်ဦး၏ မိခင်က ဆိုသည်။

ထိုသို့ ဆေးကုသခွင့်မရခြင်းနှင့်ပတ်သက်၍ နိုင်ငံရေးအကျဉ်းသူတစ်ဦးက စာရေးသားပြီး ထောင်အပြင်သို့ ထုတ်ပြန်ခဲ့သည်။ အဆိုပါ အကျဉ်းသူ ရေးသားထားသည့်စာတွင် ကျန်းမာရေးစောင့်ရှောက် မှုမရခြင်း၊ ငွေမပေးနိုင်သည့် အကျဉ်းသူများကို အလုပ်ကြမ်းများခိုင်းခြင်း စသည်အချက်များပါဝင်သည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#မန္တလေးတိုင်း

#မြင်းခြံထောင်

#နိုင်ငံရေးအကျဉ်းသူ

#ကျန်းမာရေးစောင့်ရှောက်ခွင့်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required