တရုတ်စီးပွားရေးကျရိပ်သန်းနေမှုက ရှီ၏တတိယအကြိမ်သမ္မတသက်တမ်းရယူရေးကို အဟန့်အတားဖြစ်စေ

တရုတ်စီးပွားရေးကျရိပ်သန်းနေမှုက ရှီ၏တတိယအကြိမ်သမ္မတသက်တမ်းရယူရေးကို အဟန့်အတားဖြစ်စေ

စီးပွားရေးနှင့်လူမှုရေးမညီမျှမှုများဆက်လက်တိုးလာနေချိန်တွင်တရုတ်တွင်စီးပွားရေးကျရိပ်သန်းမှုကြောင့် ရှီကျင့်ဖျင်၏ တင်းကျပ်သောနိုင်ငံရေးထိန်းချုပ်မှုသည် ယင်း၏ခေါင်းဆောင်မှုအပေါ်စိန်ခေါ်မှုများစွာကို ဖြစ်ပေါ်စေခဲ့သည်။

တင်းကျပ်သောပိတ်ဆို့ကန့်သတ်မှုများကြောင့်ဖြစ်ပေါ်ခဲ့သည့်တရုတ်အကျပ်အတည်းကပြည်သူများကိုမျှော်လင့် ချက်ကင်းမဲ့စေခဲ့ပြီးအောက်တိုဘာလလယ်တွင်ကျင်းပမည့်အကြိမ်၂၀မြောက်ပါတီကွန်ဂရက်မတိုင်မီရှီကျင့်ဖျင်အတွက်နိုင်ငံရေးစိန်ခေါ်မှုများကိုသာဖြစ်ပေါ်စေခဲ့သည်။

မော်စီတုံးလက်ထက်ကတည်းကတရုတ်အုပ်ချုပ်မှုကို "သေနတ်" (စစ်တပ်)၊ "ကလောင်" (ဝါဒဖြန့်ချိရေး) နှင့် "ဓား" (ပြည်တွင်းလုံခြုံရေးယန္တယား)ဟူ၍ ယင်းကျော်ကြားသည့် အချက်များဖြင့် တရုတ်က ထိန်းထားခဲ့ကြောင်း Nikkei Asia တွင်နသန်လီဗိုင်းနှင့်ဂျိုနသန်ကိုစတီဂန်တို့ကရေးသားဖော်ပြထားခဲ့သည်။

ရှီကျင့်ဖျင်ကသမ္မတအဖြစ်တတိယသက်တမ်းမစတင်မီသီတင်း၂ပတ်အလိုတွင်၊CCP အတွင်း နိုင်ငံရေး အားပြိုင်မှုများအရှိန်အဟုန်မြင့်လာကာ ဆက်လက်ဖြစ်ပွားနေသော အကျပ်အတည်းများက ပါတီအတွင်းလူများအတွက်ပင်ကွန်ဂရက်၏ရလဒ်များသည်အလွန်အန္တရယ်များနေလိမ့်မည်ဖြစ်သည်။

ရှီသည်လာမည့်ခေါင်းဆောင်မှုမျိုးဆက်များအတွင်းဂိုဏ်းခွဲပြိုင်ဘက်များမြင့်တက်လာမှုကိုတိုက်ဖျက်ရမည်ဖြစ်သည်။

ဥပမာဝန်ကြီးချုပ်အဖြစ် လီခါ့ချင်နေရာတွင် အစားထိုးရန် ၎င်း၏ထိပ်တန်းရွေးချယ်မှုအဖြစ် ရှီကျင့်ဖျင်၏ လူယုံတစ်ဦးဖြစ်သည့်လီချီအန်ဖြစ်လာနိုင်ပြီး၎င်းသည်ပါတီအတွင်းရေးမှူးအဖြစ်ရှန်ဟိုင်းတွင် ပိတ်ဆို့ကန့်သတ်မှုများချမှတ်ခြင်းကြောင့်နာမည်ဆိုးထွက်ခဲ့သူဖြစ်ကြောင်းNikkei Asia ကဖော်ပြခဲ့သည်။

တရုတ်သည်တင်းကျပ်သောကိုဗစ်လုံးဝကင်းစင်ရေးအစီအမံများကိုလိုက်နာကျင့်သုံးနေဆဲဖြစ်သည့် ကမ္ဘာ့နိုင်ငံအနည်းများထဲမှတစ်ခုဖြစ်သည်။

နိုင်ငံအနှံ့အပြားတွင်ထပ်ခါတလဲလဲပိတ်ဆို့ကန့်သတ်မှုများကြောင့်အထူးသဖြင့်ဝန်ဆောင်မှုလုပ်ငန်းပိုင်းတွင်အလုပ်လက်မဲ့များခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly