တရုတ်သမ္မတရှီက ‘ခေတ်သစ်ကာလ’ ဆိုသည့် စကားလုံးသုံး၍ ပုဂ္ဂိုလ်ရေး ဩဇာကြီးမားရန် ဝါဒဖြန့်

တရုတ်သမ္မတရှီက ‘ခေတ်သစ်ကာလ’ ဆိုသည့် စကားလုံးသုံး၍ ပုဂ္ဂိုလ်ရေး ဩဇာကြီးမားရန် ဝါဒဖြန့်

တရုတ်ကွန်မြူနစ်ပါတီ(CCP) ၏   အမျိုးသားကွန်ဂရက် ၂၀ကြိမ်မြောက် အစည်းအဝေးမတိုင်မီ သမ္မတရှီကျင့်ဖျင်က သူ၏ ပုဂ္ဂိုလ်ရေး ဩဇာကြီးမားရန် ‘ခေတ်သစ်ကာလ’ ဆိုသည့် အသုံးအနှုန်းကို တွင်ကျယ်စွာ သုံးနှုန်းလျက်ရှိသည်။ 

အခြေခံကျကျ သမိုင်းတွင် မည့်အပြောင်းအလဲဟု အဓိပ္ပါယ်သက်ရောက်စေသည့် ‘ခေတ်သစ်ကာလ’ ဆိုသော စကားလုံးသည် တရုတ်၏ ပြောင်းလဲမှု ဖြစ်စဉ်တွင် ရှီကျင့်ဖျင်က အကွက်ကျကျပေါင်းစပ် သုံးနှုန်းထားခြင်းဖြစ် ကြောင်း ဟူဂိုဂျုန်းက The Diplomat စာစောင်တွင် ရေးသားခဲ့သည်။

ရှီက မော်စီတုန်းခေတ်ကို ‘တော်လှန်းရေးကာလ’ ၊ တိန့်ရှောင်ဖိန်ခေတ်ကို ‘ တည်ဆောက်ရေးကာလ’၊ ကျန်ဇီမင်း နှင့် ဟူကျင်တောင်တို့၏ ခေတ်ကို ‘ပြုပြင်ပြောင်းလဲရေးကာလ’ နှင့် သူ၏ အုပ်ချုပ်ရေးခေတ်ကို ‘အကြွင်းမဲ့ ခေတ်သစ်ကာလ’ ဟု ခေါ်ဝေါ် သုံးစွဲခဲ့သည်။

‘ခေတ်သစ်ကာလ’ ဆိုသည့် အသုံးအနှုန်းကို တရုတ်အစိုးရ၏ အစီရင်ခံစာများ၊ ဝါဒဖြန့်ချိရေး၊ အရာရှိတို့၏ မိန့်ခွန်းများသည့် ပြည်သူ့ဆက်ဆံရေး ဆောင်ရွက်ချက်များတွင် လွန်ခဲ့သော ၅ နှစ်အတွင်း မကြာခဏ တွေ့မြင်လာရသည်။

သမ္မတတာဝန် စတင်ထမ်းဆောင်သည့် အစောပိုင်း ကာလများမှစ၍ ရှီကျင့်ဖျင်သည် သူ၏ ရှေ့မှ ဟူကျင်တောင်၊ ကျန်ဇီမင်းတို့ထက် ပိုမိုသမိုင်းတွင်စေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည်မှာ သိသာထင်ရှားသည်။ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် တရုတ်အမျိုးသားရေးဝါဒ ပိုမိုကြီးထွားရန်လည်း လုပ်ဆောင်ခဲ့ကြောင်း The Diplomat စာစောင်တွင် ရေးသားထားသည်။‌

‘ခေတ်သစ်ကာလ’ စကားလုံးကို ပြည်တွင်းမှ ပြည်ပအထိ ပျံ့နှံ့မှုရှိစေရန် တရုတ်က ကမ္ဘာပေါ်တွင် အဓိကနေရာသို့ ရောက်ရှိလာစေရန်နှင့် လူသားတို့အတွက် အပေးအကမ်း ရက်ရောခဲ့သည်။ 

အဆိုပါ အသုံးအနှုန်းအား ကဏ္ဍ ၃ ရပ်အတွက် အသုံးချခဲ့ရာတွင် ပထမကဏ္ဍမှာ ပြည်တွင်းမှ ထိရှမခံသည့် ကိစ္စရပ်များဖြစ်သော တိဗက်၊ ရှင်ကျန်းနှှင့် ထိုင်ဝမ်ရေးတို့ဖြစ်ကြောင်း ဂျုန်းက ရေးသားထားသည်။

ဒုတိယကဏ္ဍမှာ ‘ခေတ်သစ်ကာလ’ အသုံးအနှုန်းကို CCP အားကောင်းစေရန်နှင့် နိုင်ငံတကာ စံနှုန်းများကို အန်တုစိန်ခေါ်ရန် ဖြစ်သည်။  

အထင်ရှားဆုံး နမူနာတစ်ခုမှာ ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်မှုမတိုင်မီ ရက်သတ္တပတ် အနည်းငယ်က တရုတ်သမ္မတရှီနှင့် ရုရှားသမ္မတ ပူတင်တို့ ဖေဖော်ဝါရီ ၄ ရက်က ထုတ်ပြန်ခဲ့သည့် “ခေတ်သစ်ကာလတစ်ခုအတွင်းသို့ ဝင်ရောက်လာသည့် နိုင်ငံတကာဆက်ဆံရေး”  ပူးတွဲ ကြေညာချက်တစ်ခုတွင် မိတ်ဖက်နှစ်နိုင်ငံ၏ နိုင်ငံခြားရေးဆိုင်ရာ အဓိကမူဝါဒကြေညာချက်ကို ဖော်ပြထားသည်။

‘ခေတ်သစ် ကာလ’ဆိုသည့် အသုံးအနှုန်းသည် ပထဝီနိုင်ငံရေးဆိုင်ရာ သီးခြားဝင်ရိုးတန်းအုပ်စုများဖြစ်သည့် အမေရိကန်၊ နေတိုးနှင့် အနောက်နိုင်ငံများအား စိန်ခေါ်ရန် အသုံးပြုထားသည့် စကားလုံးဖြစ်သည်။ 

 အဆိုပါ အသုံးအနှုန်း၏ တတိယအကြောင်းအရာမှာ အနောက်အုပ်စုနှင့် လုံးဝမတူညီသော အခြေအနေကို တရုတ်အစိုးရနှင့် သမ္မတရှီ၏ အစိုးရက ရေရှည်တွင် ကျင့်သုံးသွားမည့် အတွေးအခေါ်ကို အားကောင်းစေရန် သုံးနှုန်းခြင်းဖြစ်သည်။ 

မည်သို့ပင် တွင်ကျယ်စေကာမူ အဆိုပါ အသုံးအနှုန်းက သမ္မတရှီနှင့် CCP ပါတီတို့သည် အခြားအာဏာရှင်အစိုးရများကဲ့သို့ အမြှော်အမြင်မရှိကြပေ။ 

စနစ်ကျခြင်းမရှိသည့် ‘ကိုဗစ် လုံးဝကင်းစင်ရေး မူဝါဒ’ သည် ဥပမာတစ်ခုဖြစ်သည်။  မိမိတို့အနေဖြင့် ‘ခေတ်သစ်ကာလ’ဆိုသည့် လုပ်ဇာတ်ကို သတိဖြင့် စောင့်ကြည့်သင့်သည်ဟု ဟူဂိုဂျုန်းက ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly