မုံရွာခရိုင်အတွင်း မိုင်းထောင်ရန်သွားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး တိုက်ခိုက်ခံရပြီး သေဆုံး

မုံရွာခရိုင်အတွင်း မိုင်းထောင်ရန်သွားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ဦး တိုက်ခိုက်ခံရပြီး သေဆုံး

အောက်တိုဘာ ၁၂

မဇ္စျိမ ။။စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်း စစ်ကောင်စီတပ်ဖွဲ့များအား မိုင်းဆွဲ တိုက်ခိုက်ရန် မိုင်းထောင်သွားသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး တိုက်ခိုက်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

“ကျနော်တို့ စစ်ကောင်စီတပ်ဖွဲ့ တက်လာမယ်ဆိုတဲ့ သတင်းအတိအကျရထားတဲ့အတွက် မိုင်းထောင်ဘို့သွားတဲ့ ရဲဘော်တွေ တိုက်ခိုက်ခံရတာပါ” ဟု မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chindwin Attack Force) ပြန်ကြားရေးတာဝန်ခံရ ပြောသည်။

အောက်တိုဘာလ ၉ရက်နေ့တွင် ချောင်းဦး - မုံရွာလမ်းပိုင်းတွင် မိုင်းသွားဆင်ရင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Chindwin Attack Force) တပ်ရင်း (၂) တပ်ခွဲ (၂) Monywa Special ဒိတ်ဒိတ်ကြဲ PDF မှ ကိုစည်သူမောင် (ခေါ်) သော်က (အသက်၂၀) နှင့် ကိုသက်ဇော်ဦး (ခေါ်) ယက္ခ (အသက် ၁၈) နှစ် တို့ စစ်ကောင်စီ တပ်ဖွဲ့၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရပြီး နိုင်ငံတော်အတွက် အသက်ပေး၍ မြင့်မြတ်စွာကျဆုံးခဲ့ကြောင်းဆိုသည်။

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးတွင် နိုင်ငံတော်နှင့် ပြည်သူအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သဖြင့် မိသားစုနှင့် ထပ်တူထပ်မျှ ဆို့နင့်ကြေကွဲဝမ်းနည်းဖြစ်ရကြောင်း CAF မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဇာနည်ရဲဘော် ဆောင်ရွက်လက်စဖြစ်သော စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ချေမှုန်း ရေးတာဝန်များကို ကျန်ရစ်သောရဲဘော်များက ဆက်လက်ထမ်းဆောင်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုသည်ဟု ဆိုသည်။

အောက်တိုဘာလ ၁၀ရက်နေ့ကလည်း ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင် မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် CDF – Thantlang တပ်ဖွဲ့မှ ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် CDF – Thantalng တပ်ရင်း (၄)မှ ရဲဘော် လေးဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ရဲဘော် Tum Bawi Tling နှင့် ရဲဘော် Biak Tha Peng တို့ ကျဆုံးခဲ့ရကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ချင်းကာကွယ်ရေးတပ်ဖွဲ့

#မိုင်းမတော်တဆ

#မုံရွာခရိုင်

#စစ်အာဏာရှင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required