မရာပြည်သူ့အုပ်ချုပ်ရေးကောင်စီ (MATC) supporters များဦးဆောင်၍ အမေရိကန်တွင် ရန်ပုံငွေရှာပွဲ ကျင်းပ

မရာပြည်သူ့အုပ်ချုပ်ရေးကောင်စီ (MATC) supporters များဦးဆောင်၍ အမေရိကန်တွင် ရန်ပုံငွေရှာပွဲ ကျင်းပ

(မဇ္ဈိမ) ။ ။ အမေရိကန်ပြည်ထောင်စု၊ အင်ဒီးယားနားပြည်နယ်တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေရှာဖွေမှုကို မရာပြည်သူ့အုပ်ချုပ်ရေးကောင်စီ (MATC) supporters များမှ ဦးဆောင်ကာ အောက်တိုဘာလ ၉ ရက်တွင် ပြုလုပ်ခဲ့ကြသည်။

ယင်းအစီအစဉ်သို့ CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ ဒေါက်တာ တင့်ဆွေ၊ ဒေါက်တာ ရိုဒင်း (BACI Board Chairman)၊ Elaisa ဘာနှီ (BACI Executive Director) တို့တက်ရောက်ခဲ့ကြကြောင်း ဆိုသည်။

“ Mara ကာကွယ်ရေးတပ်အကြား၊ တိုင်းရင်းသား ကာကွယ်ရေးတပ်များအကြား၊ သွေးမကွဲရန်နှင့် စည်းလုံးမှုရှိကြရန် သွေးကွဲမစည်းလုံးလျှင် ရန်သူ့ စကစ အကြိုက်ဖြစ်သွားမည် ဖြစ်ကြောင်း ” လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က မိန့်ခွန်းထဲတွင် ထည့်သွင်းပြောဆိုခဲ့သည်။

ထို့အပြင် ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး နှင့် အမျိုးသမီး၊ ကလေးသူငယ်ဝန်ကြီးမှ ဒေါ်နော်လှလှစိုးတို့မှလည်း online မှတစ်ဆင့် မိန့်ခွန်းများ ပေးပို့ခဲ့ကြသည်။

အဆိုပါရန်ပုံငွေရှာဖွေပွဲသို့ တက်ရောက်လာသူတစ်ရာခန့်ရှိပြီး ကရင်၊ ရခိုင်နှင့် မြန်မာအစားအစာများ ရောင်းချကာ ရိုးရာသီချင်း၊ အကများဖြင့် တော်လှန်ရေး ကြွေးကြော်သီချင်းများ သီဆိုခဲ့ကြကြောင်းသိရသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required