ထားဝယ်-ရေး ကားလမ်းပိုင်း၌ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

ထားဝယ်-ရေး ကားလမ်းပိုင်း၌ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

မဇ္ဈိမ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ အနီး ထားဝယ်-ရေး ကားလမ်းပေါ်တွင် ဒီကနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့် အချိန်၌ စစ်ကောင်စီယာဉ်တန်း ကိုးစီး၊ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ ယာဉ်တန်း ကိုးစီးသည် ထားဝယ်ဖက်မှ ရေဖြူသို့ ဦးတည် မောင်းနှင်လာစဉ် မိုင်း သုံးလုံးဖြင့် ကြားဖြတ် မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

ရေဖြူ ဒေသခံ တစ်ဦးက“ဘယ်အဖွဲ့က လုပ်တယ် ဆိုတာ မသိရသေးပါဘူး၊ စစ်တပ်ဖက်ကတော့ သေပျောက် ရှိနိုင်ပါတယ်”ဟု ပြော သည်။

ယင်းသို့ စစ်ကောင်စီ ယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရမှုကြောင့် လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရ သည်။

လက်ရှိတွင် မိုင်းဆွဲ တိုက်ခိုက်ခံရသည့် နေရာသို့ စစ်ကောင်စီတပ်ဖွဲ့က ရောက်ရှိလာပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required