ဟားခါးတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား သေနတ် ၂ လက် ဖြင့်ချင်း ကာကွယ်ရေးတပ်ဖွဲ့ထံခိုလှုံ

ဟားခါးတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား သေနတ် ၂ လက် ဖြင့်ချင်း ကာကွယ်ရေးတပ်ဖွဲ့ထံခိုလှုံ

မဇ္ဈိမ ။ ။ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးသည် သေနတ်နှစ်လက်၊ ကျည်အပြည့်အစုံဖြင့် ကာကွယ်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့ကြောင်း Chinland Defense Force – Senthang က ယမန်နေ့ အောက်တိုဘာ ၁၀ရက်နေ့တွင် ထုတ်ပြန်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့က ဟားခါးမြို့၊ မြို့မရဲစခန်းတွင် တာဝန် ထမ်းဆောင်နေသည့် ရဲဘော် မောင်နီမန်သည် BA63 G-3 နှစ်လက်အပြင် ကျည်အပြည့် အစုံယူဆောင်၍ လာရောက်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ လုပ်ဆောင်ခြင်းသည် ရန်သူ့လက်နက်ကို ပြည်သူထံသို့ တစ်ချက်ခုတ်နှစ်ချက် ပြတ်ဖြင့် စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အထူးလေးစားဂုဏ်ပြုအပ်ကြောင်း CDF – Senthang ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုကဲ့သို့ လာရောက်ပူးပေါင်းခဲ့သည့် ပြည်သူ့ရဲအပေါ် နွေးထွေးစွာကြိုဆိုကြောင်း နှင့် ဆုကြေးငွေ သိန်း ၁၀၀ ကျပ်ကို ချီးမြှင့်၍လုံခြုံသောနေရာသို့ ပို့ဆောင်ပေး ပြီးဖြစ်ကြောင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required