“ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူကိုသာ အလေးအမြတ်ပြုကြ” ဆိုသည့် ရွာပေါင်းစုံ သပိတ်

“ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူကိုသာ အလေးအမြတ်ပြုကြ” ဆိုသည့် ရွာပေါင်းစုံ သပိတ်

အောက်တိုဘာ ၁၁

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ ပွဲကို အောက်တိုဘာလ ၁၁ရက် ယနေ့တွင်ပြုလုပ်ခဲ့ကြသည်။

ယနေ့သည် ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်း၏ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ၅၇၉ရက်မြောက် ချီတက်မှုဖြစ်သည်။

လူထုသပိတ်စစ်ကြောင်းသည် “ပြည်သူသာအမိ ပြည်သူသာအဖ ပြည်သူကိုသာ အလေးအမြတ်ပြုကြ” ဟူသော စာတန်းအားကိုင်ဆွဲပြီး ကြွေးကြော်သံများ ဟစ်ကြွေး ချီတက်ခဲ့ကြပြီး ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်းများအား အလေးပြုခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဆားလင်းကြီးမြို့နယ်

#လူထုသပိတ်

#ယင်းမာပင်မြို့နယ်

#အာဇာနည်သူရဲကောင်းများ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly