ပါကစ္စတန်တွင်   တိုက်ခိုက်ခံရမှုများက တရုတ်နိုင်ငံသားများကို အကျပ်ရိုက်စေ

ပါကစ္စတန်တွင်   တိုက်ခိုက်ခံရမှုများက တရုတ်နိုင်ငံသားများကို အကျပ်ရိုက်စေ

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ (CPEC) နှင့် ပတ်သက်၍ ပါကစ္စတန်ရှိ တရုတ်လူမျိုးများအား ပစ်မှတ်ထား တိုက်ခိုက်မှုများ အရှိန်မြင့်လာနေချိန်တွင် တရုတ်နိုင်ငံသားများကဲ့သို့ လွယ်ကူသော ပစ်မှတ်များကို အသေးစား တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် အကာအကွယ်ပေးရေး အစီအမံများသည် နိုင်ငံအတွင်း ကောင်းစွာ အလုပ်မလုပ်နိုင်သည်ကို တရုတ်က စိုးရိမ်လျက်ရှိပြီး ယင်းက အယုံအကြည်မဲ့မှု၏ ရင်းမြစ်ဖြစ်လာသည်။ 
 
ပါကစ္စတန်နိုင်ငံတစ်ဝှမ်းရှိ တရုတ်လူမျိုးများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို ဆင်းဒ်နှင့် ဘာလို့ချ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှစ်ခုလုံးက လုပ်ဆောင်ခဲ့ကြောင်း Asian Lite က ဖော်ပြခဲ့သည်။

 အဆိုပါသူပုန်များက တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC)စီမံကိန်းအောက်၌ ဘာလိုချီစတန်နှင့် ဆင်းဒ်ပြည်နယ်တို့တွင် သယံဇာတများကိုအလွန်အကျွံ ထုတ်ယူသုံးစွဲသော တရုတ်ကို အပြစ်တင်ကြသည်။ ပါကစ္စတန်အစိုးရက CPEC ကို တင်းကျပ်သော လုံခြုံရေးအစီအမံများဖြင့် အကာအကွယ်ပေးထားသည်။
 
ပါကစ္စတန်ရှိ တရုတ်နိုင်ငံသားများအပေါ် တိုက်ခိုက်မှုများ မြင့်တက်လာခြင်းကြောင့် တရုတ်သည် CPEC ဦးဆောင်သည့် စီမံကိန်းများတွင် အလုပ်လုပ်နေသော ၎င်းနိုင်ငံသားများကို ကာကွယ်နိုင်ရေးအတွက် ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများကို စေလွှတ်ရန် စိတ်အားထက်သန်နေခဲ့သည်။

သို့သော်ပါကစ္စတန်အစိုးရက ထိုအကြံအစည်ကို အကြိမ်ကြိမ် ပယ်ချခဲ့ကြောင်း Asian Lite က ဆိုသည်။

တရုတ်နိုင်ငံသားများကို အသေးစား တိုက်ခိုက်မှုများသည် တရုတ်နှင့်ပါကစ္စတန်ကြား အကွဲအပြဲများကို ဖြစ်ပေါ်စေခဲ့ကြောင်း ဘာလိုချီစတန်မှ သုတေသီနှင့် အလွတ်တန်း လေ့လာသုံးသပ်သူတစ်ဦးဖြစ်သည့် အက်ဒ်နန်အာမာက ပြောသည်။

ကရာချိမြို့ ဆက်ဒါအရပ်ရှိ သွားဆေးခန်းတစ်ခုတွင် စက်တင်ဘာ ၂၈ ရက်က သေနတ်သမားတစ်ဦး၏ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံသားတစ်ဦး သေဆုံးကာ အခြား ၂ ဦး ဒဏ်ရာရရှိခဲ့သည်။
 
ယမန်နှစ် ဇူလိုင်လကလည်း ပါကစ္စတန် ခိုင်ဘာပက်ခ်တွန်ခဝါပြည်နယ်  အထက်ကိုဟီစတန်အရပ်ရှိ Dasuရေအားလျှပ်စစ်စီမံကိန်းသို့ သွားသော ဘတ်စ်ကားတစ်စီးကို ဖောက်ခွဲရေးပစ္စည်းများတင်ဆောင်လာသော အသေခံဗုံးခွဲသမားမောင်းနှင်လာသည့်ကားက ဝင်တိုက်ခဲ့မှုကြောင့် တရုတ်နိုင်ငံသား အလုပ်သမား ၉ ဦးသေဆုံးခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required