တရုတ်နှင့် သက်ဆိုင်သည့် အမေရိကန်၏ စည်းမျဉ်းများကို ထိုင်ဝမ်ချစ်ပ်ပြားကုမ္ပဏီများ လိုက်နာမည်

တရုတ်နှင့် သက်ဆိုင်သည့် အမေရိကန်၏ စည်းမျဉ်းများကို ထိုင်ဝမ်ချစ်ပ်ပြားကုမ္ပဏီများ လိုက်နာမည်

ထိုင်ဝမ်တစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီများသည် ဥပဒေကိုလိုက်နာရန် လွန်စွာအရေးကြီးခြင်းကို အလေးထားကြောင်း ထိုင်ဝမ်အစိုးရက အောက်တိုဘာ ၈ ရက်တွင် ပြောကြားလိုက်ပြီး တရုတ်နိုင်ငံ၏ ချစ်ပ်ပြားလုပ်ငန်းကို အခက်တွေ့ရန် ရည်ရွယ်သော အမေရိကန်ပို့ကုန်ထိန်းချုပ်မှုအသစ်များကို လိုက်နာမည်ဖြစ်ကြောင်း အချက်ပြလိုက်ခြင်းဖြစ်သည်။

သမ္မတဂျိုးဘိုင်ဒင်က အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်သော စည်းမျဉ်းများ၌ ကမ္ဘာ့မည်သည့်နေရာတွင်မဆို တရုတ်အား အမေရိကန်ထုတ်ကိရိယာများဖြင့် ချစ်ပ်ပြားထုတ်လုပ်မှုကို ကန့်သတ်သည့် အစီအမံပါဝင်ပြီး တရုတ်၏ နည်းပညာနှင့်စစ်ရေးတိုးတက်မှုများကို နှောင့်နှေးစေရန် အမေရိကန်က ၎င်း၏အလှမ်းမီနိုင်မှုကို ချဲ့ထွင်လိုက်ခြင်းဖြစ်သည်။ 
 
အမေရိကန်၏ ကြေညာချက်ကို တုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်စီးပွားရေးဝန်ကြီးဌာနက ထိုင်ဝမ်ကုမ္ပဏီများသည် ဥပဒေလိုက်နာသည့် အဖွဲ့အစည်းများဖြစ်ကြောင်း ပြောသည်။

ထိုင်ဝမ်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်းသည် ကမ္ဘာတစ်ဝန်းမှ ဖောက်သည်များကို ကာလရှည်ကြာ ဝန်ဆောင်မှု ပေးခဲ့ကြောင်းနှင့် ဥပဒေများကို လိုက်နာရန် အလွန်အရေးကြီးကြောင်း ထိုင်ဝမ်က ပြောသည်။

 ပြည်တွင်းဥပဒေများနှင့် စည်းမျဥ်းစည်းကမ်းများကို လိုက်နာမည့်အပြင် အမှာစာတင်သော နိုင်ငံတကာ ဖောက်သည်များ၏ လိုအပ်ချက်များနှင့် ၎င်းနိုင်ငံများရှိ ဖောက်သည်များ၏ စံနှုန်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဟု ထိုင်ဝမ်ဝန်ကြီးဌာနက ပြောသည်။

ထိုင်ဝမ်သည် အထူးသဖြင့် ချစ်ပ်ပြားစွမ်းရည်နှင့် နည်းပညာကျွမ်းကျင်မှုများကို တရုတ်ကုမ္ပဏီများက ခိုးယူမည်ကိုလည်း စိုးရိမ်လျက်ရှိသည်။ 

ထိုင်ဝမ်သည် ၎င်း၏ အကြီးမားဆုံးကုန်သွယ်ဖက်ဖြစ်သော တရုတ်တွင် ထိုင်ဝမ်ချစ်ပ်ပြားရင်းနှီးမြှုပ်နှံမှုကို တင်းတင်းကျပ်ကျပ်တားမြစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required