အမျိုးသားကွန်ဂရက် ၂၀ ကြိမ်မြောက် အစည်းအဝေးတွင် တရုတ်နိုင်ငံ ရင်ဆိုင်နေရသော အဓိက စိန်ခေါ်မှုများကို အဖြေရှာသွားမည်

အမျိုးသားကွန်ဂရက် ၂၀ ကြိမ်မြောက် အစည်းအဝေးတွင် တရုတ်နိုင်ငံ ရင်ဆိုင်နေရသော အဓိက စိန်ခေါ်မှုများကို အဖြေရှာသွားမည်

တရုတ်အမျိုးသားကွန်ဂရက်၏ မကြာမီကျင်းပမည့်အကြိမ်၂၀မြောက်အစည်းအဝေးတွင် ရှီကျင့်ဖျင် ဦးဆောင်သော တရုတ်အစိုးရသည် ကိုဗစ်-၁၉၊ စီးပွားရေးနှင့် ထိုင်ဝမ်ပြဿနာအပါအဝင် တရုတ်ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှုများကို အဖြေရှာရန် ကြိုးပမ်းသွားမည်   ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် ယင်း၏၂၀ကြိမ်မြောက်ပါတီညီလာခံကို အောက်တိုဘာလ၁၆ရက်တွင် စတင်မည်ဖြစ်ပြီး တရုတ်သမ္မတရှီကျင့်ဖျင်သည်တတိယသက်တမ်းကိုရယူဖွယ်ရှိနေသည်။

လာမည့်သီတင်းပတ်တွင်ကျင်းပမည့်ပါတီဝင်၂,ဝဝဝကျော်တက်ရောက်မည့်အစည်းအဝေးတွင်ပါတီဗဟိုကော်မတီအတွက်လူသစ်များရွေးချယ်သွားမည်ဖြစ်သည်။၂၅ဦးပါပေါ်လစ်ဗျူရိုသို့တခြားလူများလည်းရာထူးတိုးမြှင့်ခံရဖွယ်ရှိသည်။

ညီလာခံ၌ ကိုယ်စားလှယ်၂၂၉၆ဦးကိုခန့်အပ်ရာတွင် လူမြင်ကောင်းအောင်ပြုလုပ်မည်ဖြစ်ပြီး ၎င်းတို့ကလူကြီးများအကြိုက်လုပ်ဆောင်ကာ တရုတ်ပြည်သူ၁ဒသမ၄ဘီလီယံ စိတ်ကျေနပ်အောင်ယောင်ပြပြုလုပ်ပေးမည်ဖြစ်ကြောင်းSettimanaတွင်ပင်တိုင်ဆောင်းပါးရှင်ဖရန်ကိုဆစ်စီက ရေးသားခဲ့သည်။

တရုတ်ကျွမ်းကျင်သူ၏အဆိုအရယုံကြည်ရလောက်သောငြင်းခုံမှုများကိုထုတ်ဖော်လိုခြင်းသည်ပါတီကို ကြီးမားသော အလှည့်အပြောင်းဖြစ်စေရန် တွန်းအားပေးနိုင်သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အကြိမ်၂၀မြောက်အမျိုးသားကွန်ဂရက်မတိုင်မီတွင် သမ္မတရှီကျင့်ဖျင်က ၎င်း၏ပုဂ္ဂိုလ်ရေးအာဏာကိုခိုင်မာစေရန်“ခေတ်သစ်”ဟောပြောချက်ကိုတွန်းအားပေးပြောကြားနေသည်။

The Diplomat မဂ္ဂဇင်းအတွက် ဆောင်းပါးရှင်ဟူဂိုးဂျုံးက “ခေတ်သစ်”ဟူသည်အခြေခံသမိုင်းဆိုင်ရာအပြောင်းအလဲကိုရည်ညွှန်းခြင်းဖြစ်ပြီး တရုတ်တရားဝင် ဟောပြောချက်တွင်ရှီ၏ပုဂ္ဂိုလ်ရေးနှင့်စနစ်တကျပေါင်းစပ်ထားသည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required