တရုတ်၏ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကို ထိန်းချုပ်ရန် တစ်ကမ္ဘာလုံးကဝိုင်းဝန်းကြိုးပမ်းပေးရေး ထိုင်ဝမ်တောင်းဆို

By Taipei times
08 October 2022
တရုတ်၏ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကို ထိန်းချုပ်ရန် တစ်ကမ္ဘာလုံးကဝိုင်းဝန်းကြိုးပမ်းပေးရေး ထိုင်ဝမ်တောင်းဆို

တရုတ်၏ပူးတွဲစစ်ရေးလေ့ကျင့်မှု၊မဟာဗျူဟာကျသောဆက်သွယ်ရေးအခြေခံများနှင့်ဒရုန်းအချက်ပြမှုများကိုမျှဝေခြင်းအပါအဝင်တရုတ်၏လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုများကိုထိန်းချုပ်ရေးတစ်ကမ္ဘာလုံးကဝိုင်းဝန်း ကြိုးပမ်းကြရန်အောက်တိုဘာ၃ရက်တွင်ထိုင်ဝမ်အမျိုးသားကာကွယ်ရေးလက်ထောက်ဝန်ကြီး ဝမ်ရှင်လန်းက တောင်းဆိုလိုက်သည်။

ဗာဂျီးနီးယားပြည်နယ် ရစ်ချ်မွန်မြို့တွင်ကျင်းပသည့် နှစ်စဉ်ကျင်းပမြဲဖြစ်သော အမေရိကန်-ထိုင်ဝမ်ကာကွယ်ရေး စက်မှုလုပ်ငန်းဆိုင်ရာညီလာခံသို့ ဦးဆောင်တက်ရောက်လာသည့် ကာကွယ်ရေးဝန်ကြီးဝမ်က ၎င်း၏ အဓိကမိန့်ခွန်းတွင် ယူကရိန်းက ိုရုရှားကျူးကျော်ဝင်ရောက်မှုက ဒေသတွင်းတွင် ရုရှား၏ လုံခြုံရေးဆိုင်ရာခြိမ်းခြောက်မှုကိုသိသိသာသာလျော့ကျသွားစေနိုင်ကြောင်းပြောကြားခဲ့သည်။

သို့သော်တရုတ်ကသြဇာချဲ့ထွင်မှုကိုဆက်လက်လုပ်ဆောင်နေပြီးဒေသတွင်းနှင့်ကမ္ဘာ့လုံခြုံရေးကိုဆိုးရွားစွာထိခိုက်စေမည်ဟု ဝမ်က ပြောကြားခဲ့သည်။
 ကမ္ဘာ့ဒီမိုကရေစီမဟာမိတ်အဖွဲ့ကို အရှိန်အဟုန်မြင့်စွာတပ်လှန့်ထားရန်နှင့် တရုတ် ကွန်မြူနစ်ပါတီ သြဇာချဲ့ထွင်မှုတွင် မဟာဗျူဟာကျကျပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ၎င်းကတောင်းဆိုခဲ့သည်။

ထိုင်ဝမ်၏ကာကွယ်ရေးကိုမြှင့်တင်ရန်၊မဟာမိတ်များနှင့်သတင်းအချက်အလက်မျှဝေမှုအားကောင်းစေခြင်း၊စစ်အရန်နေရာများတည်ဆောက်ခြင်းနှင့်အဓိကဆက်သွယ်ရေးအခြေခံအဆောက်အအုံများကိုပိုမိုကောင်းမွန်စွာ ကာကွယ်ခြင်းစသည့် အဓိကမဟာဗျူဟာ၃ရပ်ကိုဝမ်ကအဆိုပြုခဲ့သည်။

အမေရိကန်နှင့်စစ်ရေးပူးပေါင်းဆောင်ရွက်ရာတွင်ထိုင်ဝမ်က "ထောက်လှမ်းရေး၊ စောင့်ကြည့်ခြင်း၊ ကင်းထောက်ခြင်း " မျှဝေရေးယန္တရားကို အမေရိကန်နှင့်ထူထောင်ပြီး ပုံမှန်အဆင့်မြင့် တရားဝင်ဆွေးနွေးမှုများကိုပိုမိုပြုလုပ်ရန်မျှော်လင့်ကြောင်းဝမ်ကပြောကြားခဲ့သည်။

၎င်း၏မိန့်ခွန်းအပြီးတွင်ဝမ်ကထိုင်ဝမ်ကိုယ်စားလှယ်အဖွဲ့သည်စနေနှင့်တနင်္ဂနွေတွင်ကျင်းပခဲ့သည့်ညီလာခံ အတွင်းအမေရိကန်နှင့်အကျိုးကျေးဇူးရှိသည့်ဆွေးနွေးမှုပြုလုပ်နိုင်ခဲ့ကြောင်းထိုင်ဝမ်သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့်အမေရိကန်တို့သည် ထိုင်ဝမ်စစ်တပ်၏ အချိုးမညီသောစစ်ပွဲစွမ်းရည်ကို တည်ဆောက်ခြင်းနှင့် ပတ်သက်၍ သဘောတူညီမှုတစ်ခုရရှိခဲ့ကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required