အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် သီတဂူဆရာတော်အား မြန်မာနိုင်ငံသားများ ဆန့်ကျင် ကန့်ကွက်

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် သီတဂူဆရာတော်အား မြန်မာနိုင်ငံသားများ ဆန့်ကျင် ကန့်ကွက်

မဇ္ဈိမ။ ။

အိန္ဒိယနိုင်ငံ ၊ နယူးဒေလီမြို့သို့ ရောက်ရှိနေသည့် သီတဂူဆရာတော် အရှင်ဉာဏိဿရ အား အိန္ဒိယရောက် မြန်မာနိုင်ငံသားများက ယနေ့ အောက်တိုဘာ ၁၀ရက် နေ့တွင် ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်းသိရသည်။

"ပြည်သူလူထုက လှူဒါန်းတဲ့ ဆွမ်းကွမ်းတွေကိုစားပြီး ရပ်တည်နေကြတဲ့ ဘာသာရေး ခေါင်းဆောင်များအနေနဲ့ ပြည်သူ့ဘက်က မရပ်တည်ဘဲ စစ်အာဏာရှင် မင်းအောင်လှိုင် ဘက်ကရပ်တည်ပြီး အာဏာရှင်သက်ဆိုးရှည်ဖို့ နိုင်ငံတကာလှည့်ပြီး လုပ်ဆောင်ပေးတဲ့အတွက် ကန့်ကွက်ရခြင်းဖြစ်ပါတယ်"ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက ပြောသည်။

အိန္ဒိယ ရောက်မြန်မာနိုင်ငံသားများအနေဖြင့် အိန္ဒိယနိုင်ငံရှိ မြန်မာသံရုံး ရှေ့တွင် ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ပြီး လူအစုအဝေး တားမြစ်ဧရိယာဖြစ်သဖြင့် လုံခြုံရေးတပ်ဖွဲ့များ ရောက်မလာမီ အောင်မြင်စွာ လူစုခွဲနိုင်ခဲ့ကြောင်းသိရသည်။

စာတည်း။ ။မောင်ကောင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required