မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ကျေးရွာနေ လက်နက် ကိုင်ဆောင်သူ ပျူစောထီး အဖွဲ့ဝင် တစ်ဦးကို ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရ သည်။
လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာနေ စစ်ကောင်စီ လက်ပါးစေ ပျူစောထီး အဖွဲ့ဝင် ကိုဇော်ဝင်းရှိန် ဆိုသူကို အောက်တိုဘာလ ၈ ရက်နေ့ ည ၇ နာရီခွဲအချိန်တွင် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ ဖြစ်သည့် လောင်းလုံး ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (LLPDF) ၊ ထားဝယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (DGRF) နှင့် T. PDF ရဲဘော်တို့က သွားရောက် ပစ်ခတ် ရှင်းလင်းခဲ့ပြီး လက်နက် ခဲယမ်း တချို့ကိုပါ သိမ်းဆည်း ရမိခဲ့သည်ဟု သိ သည်။
"သူက ပျူစောထီးအဖွဲ့ဝင် တစ်ဦး ဖြစ်သလို မူးယစ် ဆေးဝါး ရောင်း ဝယ်ရေး ဒိုင် လုပ်နေတဲ့ သူတစ်ဦး ဖြစ်သလို စစ်ကောင်စီသတင်းပေး လုပ်နေသူ တစ်ဦး ဖြစ်တာကြောင့် ပစ်ခတ် ရှင်းလင်းခဲ့တာ ဖြစ်တယ်"ဟု LLPDF အဖွဲ့ဝင် တစ်ဦးက ဆိုသည်။
ထိုသို့ ပစ်ခတ် ရှင်းလင်းရာ၌ M22 သေနတ် တစ်လက်၊ လေ သေနတ် တစ်လက် ၊ ကျင်စက် တစ်လုံး ၊ ဖုန်း လေးလုံး ၊ ဓား တစ်လက် ၊ ရိုက်တုတ် တစ်လက် ၊ မူးယစ်ဆေးချိန်သည့် ကီလိုခုံ တစ်လုံးနှင့် ငွေကျပ် ၁၄ သိန်းတို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း ဖော်ပြ ထားသည်။
စာတည်း -သန့်ဇော်(သန်လျင်)