ရှီကျင့်ဖျင်ကအတိုက်အခံများကိုထိန်းချုပ်ရေးအတွက်အင်တာနက်ကို အပြည့်အဝထိန်းချုပ်ရန်ရည်ရွယ်

ရှီကျင့်ဖျင်ကအတိုက်အခံများကိုထိန်းချုပ်ရေးအတွက်အင်တာနက်ကို အပြည့်အဝထိန်းချုပ်ရန်ရည်ရွယ်

တရုတ်ကွန်မြူနစ်ပါတီအစိုးရကိုခြိမ်းခြောက်နိုင်သည့်အတိုက်အခံများကိုထိန်းချုပ်ရေးအတွက်တရုတ်သမ္မတရှီကျင့်ဖျင်ကအင်တာနက်ကိုထိန်းချုပ်ရန်ရည်မှန်းထားသည်။
 
ရှီကလူမှုရေးနှင့်နိုင်ငံရေးအရထိန်းချုပ်မှုတွင်အသာစီးရသည်ဟုဆိုနိုင်သည့်စမတ်ကျသောအုပ်ချုပ်မှုကိုအကောင်အထည်ဖော်နိုင်ရေးကြိုးပမ်းနေသည်။
  
စမတ်ကျသောအုပ်ချုပ်မှုဟူသည်ဆိုက်ဘာစပေ့စီမံခန့်ခွဲရေးလုပ်ငန်းနယ်ပယ်ဖြစ်သည့်ဉာဏ်ရည်တု (AI)၊အရေးကြီးအချက်အလက်များနှင့်ကလောက်တွက်ချက်မှုတို့ကိုတိုးမြှင့်အသုံးပြုခြင်းဖြစ်ပြီးနောက်ဆုံးပန်းတိုင်မှာဆိုက်ဘာနယ်ပယ်ကို နည်းပညာဆိုင်ရာစီမံခန့်ခွဲမှုမှ "ဉာဏ်ရည်တုစီမံခန့်ခွဲရေး" ဆီသို့ကူးပြောင်းရေးဖြစ်သည်။

ကမ္ဘာ့အကြီးဆုံးစစ်ဘက်လုပ်ငန်းစုများထဲမှတစ်ခုသည်တကယ်မရှိသောခြိမ်းခြောက်မှုများကိုချေမှုန်းရန်ဆိုက်ဘာလုံခြုံရေးကိုထိန်းချုပ်ထားကြောင်းမဟာဗျူဟာဆက်သွယ်ရေးအတွက်အင်ဒို-ပစိဖိတ်စင်တာ (IPCSC) မှတွဲဖက်သုတေသီဗစ်နူးဒါရူနက်ချ်ဂျေကပြောကြားခဲ့သည်။

တရုတ်အစိုးရပိုင်စစ်ဘက်လုပ်ငန်းစုကြီးဖြစ်သည့်တရုတ်အီလက်ထရွန်နစ်နည်းပညာအုပ်စု (CETC) ကHikvisionဒစ်ဂျစ်တယ်နည်းပညာနှင့်တရုတ်တစ်ဝန်းရှိကွန်ရက်များ၏ကွပ်ကဲမှုကိုအသုံးပြု၍လူများကိုအလိုအလျောက်ခွဲခြားသိမြင်နိုင်သောမျက်နှာမှတ်သားစနစ်ပါဝင်ပြီးလူမျိုးခွဲခြားနိုင်ပြီး၊ကင်မရာများမြင်နေရသူတိုင်းနီးပါးကိုခြေရာခံနိုင်သည့်စစ်တပ်ပုံစံစုံစမ်းထောက်လှမ်းမှုများပြုလုပ်နေသည်။
 
CETC မှဆောင်ရွက်သောယင်းခြေလှမ်းသည်'အမျိုးသားလုံခြုံရေး' ကိုအားကောင်းစေရန် ဖြစ်သည်ဟု၎င်းတို့ကဆိုထားသည်။

ဂျိမ်းတောင်းဖောင်ဒေးရှင်း၏အစီရင်ခံစာတွင်CETC ၏ရည်ရွယ်ချက်မှာတရုတ်စစ်တပ်(PLA) အသာရရှိရန်အရပ်ဘက်အီလက်ထရွန်းနစ်ပစ္စည်းများကိုအသုံးချခြင်းဖြစ်သည်ဟုပွင့်ပွင့်လင်းလင်းကြေညာထားသည်။

ယခင်ကဓနသဟာယသိပ္ပံနှင့်စက်မှုသုတေသနအဖွဲ့ (CSIRO) နှင့်CETC ၏စစ်ရေး ချိတ်ဆက်မှုများအပေါ်စိုးရိမ်ပူပန်မှုများရှိလာနေသည်ဟုIPCSC ကဖော်ပြသည်။
 
CETC သည်Hikvisionဒစ်ဂျစ်တယ်နည်းပညာအသုံးပြုခြင်းအပါအဝင်ယင်း၏သုတေသနအဖွဲ့နှင့် လုပ်ငန်းခွဲအချို့အပေါ်အမေရိကန်၏ပိတ်ဆို့အရေးယူမှုများဖြစ်ပေါ်စေသည့်လူ့အခွင့်အရေးချိုးဖောက်မှုများတွင်ပါဝင်နေသည်ဟုစွပ်စွဲခံထားရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly