သီတင်းကျွတ်လပြည့်နေ့ မန္တလေးတွင် ၂ နေရာပေါက်ကွဲမှုဖြစ်

သီတင်းကျွတ်လပြည့်နေ့ မန္တလေးတွင် ၂ နေရာပေါက်ကွဲမှုဖြစ်

မန္တလေး(မဇ္စျိမ)။ ။သီတင်းကျွတ်လပြည့်နေ့နံနက်ပိုင်းတွင်၊ မန္တလေးမြို့ နေရာနှစ်ခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

နံနက် ၇ နာရီခန့်တွင် ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရထားသံံလမ်းတံတားတွင်လည်းကောင်း၊ နံနက် ၉ နာရီခန့်တွင် ချမ်းအေးသာစံမြို့နယ် ၆၂ လမ်း၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ ကားလမ်းအလယ်အုတ်ခုံအနီးတွင်လည်းကောင်း ဗုံးပေါက် ကွဲမှုတို့ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“Light Truck ကားတစ်စီးနဲ့လမ်းဖြတ်ကူးနေတဲ့ဘွားတော်တစ်ယောက် အနည်းငယ်ထိခိုက်တယ်” ဟု ချမ်းအေးသာစံမြို့ နယ်အတွင်းပေါက်ကွဲမှုဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံံတစ်ဦးကပြောသည်။

ရထားသံလမ်းတံတားပေါက်ကွဲမှုနှင့်ပတ်သက်၍တော့ လူသူအထိအခိုက်မရှိခဲ့ကြောင်းသိရပြီး၊ ပေါက်ကွဲမှုများကို မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်ခြင်းဖြစ်ကြောင်းတော့ စုံစမ်းနေဆဲဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီတပ်က မန္တလေးတစ်မြို့လုံးနီးပါးအား၊ ပိတ်ဆို့စစ်ဆေးမှုတို့ပြုလုပ်နေပြီး၊ အထူးသဖြင့် သီတင်း ကျွတ်ပွဲတော်ကျင်းပနေသည့် မန္တလေးတောင်ခြေအနီးတစ်ဝိုက်နှင့် ကျုံးဘေးတစ်လျှောက်ကို အရပ်၀တ်ကင်းပုန်းများချ ထားသည်ကိုတွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly