သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကြားဖြတ်တိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး

သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကြားဖြတ်တိုက်ခိုက်ခံရ၍ ၅ ဦးသေဆုံး

မဇ္ဈိမ ။ ။ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကျောက်တံခါး ကျေးရွာအုပ်စု၊ ကွင်းချောင်းကျေးရွာ အောက်ဘက်တွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တောင်ငူခရိုင်တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၃)၊ ရိုးမကျားတပ်ဖွဲ့က အောက်တိုဘာ ၆ ရက်နေ့ မနက် ၁၁နာရီ ၅၃မိနစ်အချိန်တွင် တိုက်ခိုက်လိုက်ကြောင်း သိရသည်။

“စစ်ကောင်စီကကောင်တွေက ကွင်းချောင်းစာသင်ကျောင်းကို မွှေနှောက်ဖျက်ဆီးသွားတယ် ။ စစ်ကြောင်း နှစ်ကြောင်းနဲ့ တက်လာတာ စစ်ကြောင်းတစ်ကြောင်းက ငါးယောက် သေတယ်”ဟု ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် (ရိုးမကျား)ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သား ၁၆ ဦးပါ စစ်ကြောင်းတစ်‌ကြောင်းနှင် ၃၅ ဦးပါ စစ်ကြောင်းတစ်‌ကြောင်းတွင် ၁၆ ဦးပါစစ်ကြောင်းနှင့် ရိုးမကျားတို့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၁၆ ဦးပါ စစ်ကောင်စီစစ်ကြောင်းမှ ၁၁ ဦးသာ ရွာသို့ ပြန်သွားခဲ့ကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် (ရိုးမကျား)က အောက်တိုဘာ ၈ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကွင်းချောင်းကျေးရွာအတွင်းသို့ ၃၅ ဦး ပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ၀င်ရောက်ကာ ရွာအစွန်ရှိ ဆိတ်တဲအား မီးရှို့ဖျက်ဆီး ခဲ့ကြောင်းသိရသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required