အိန္ဒိယနိုင်ငံ၏မြို့တော် မွမ်ဘိုင်းမှာ ဓာတ်ပုံရိုက်ခြင်းနှင့် ဆက်နွယ်နေသော သေဆုံးမှုများကို တားဆီးရန်အတွက် ရဲတပ်ဖွဲ့ ပတ္တရောင်လှည့်မှုများကို စတင်ဆောင်ရွက်နေပါတယ်။
အိန္ဒိနိုင်ငံကဆယ်ဖီကြောင့်သေဆုံးမှု အများဆုံး ကမ္ဘာ့ထပ်သီးနိုင်ငံဖြစ်လာစေခဲ့သည့် ဖြစ်ရပ်များတသီတတန်းကြီး ဖြစ်ပေါ်လာပြီးနောက်တွင် ယခုလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ခြင်းပင်ဖြစ်သည်။
နောက်ထပ်သေဆုံးမှုများကို တားဆီးရန် ပြည်သူများကို ကန့်သတ်လိုသည့် နေရာများကို မွန်ဘိုင်းတစ်ခွင်တွင် ရဲများက နယ်မြေများ သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။
''ဒီကိစ္စဟာငါတို့အတွက် ပြသနာအသစ်တစ်ခုပဲ။ မွမ်ဘိုင်းမှာနေရာတွေသတ်မှတ်ထားတယ်။ ပြည်သူတွေ ကံဆိုးမှုတွေမဖြစ်ပွားစေဖို့ အဲဒီနေရာတွေကိုသွားခြင်းကိုငါတို့ ကန့်သတ်ထားချင်တယ်'' လို့ ရဲပြောရေးဆိုခွင့်ရှိသူDhananjayKulkami က CNN ကိုပြောပါတယ်။
ယခုနှစ်အစောပိုင်းက ထုတ်ပြန်ခဲ့ စာရင်းဇယားများအရ အိန္ဒိယနိုင်ငံဟာ မိမိကိုယ်ကြောင့်သေဆုံးမှု စာရင်းမှာထိပ်ဆုံးကရပ်တည်နေပါတယ်။
ကမ္ဘာအနှံ့ သုံးနှစ်ကျော်အတွင်းသေဆုံးသူ 49 ဦးအနက် အိန္ဒိယမှ 19 ဦးတစ်ကမ္ဘာလုံးအတိုင်းအတာအရ 40 ရာခိုင်နှုန်းနီးပါးရှိခဲ့ပါတယ်။
ဇန်နဝါရီလက Chennai မြို့မှာ ဆယ်ကျော်သက်တစ်ဦး ချဉ်းကပ်လာနေသော ရထားရှေ့၌ ဆယ်ဖီရိုက်နေစဉ် ရထားတိုက်မိပြီးသေဆုံးသွားခဲ့တယ်လို့ မျက်မြင်များ၏ပြောပြချက်အရသိရပါတယ်။
သတိပေးဆိုင်းဘုတ်များ
မွမ်ဘိုင်းမှာပိုပြီးဘေးအန္တရာယ်ရှိတဲ့နေရာတွေက မြို့ရဲ့ ပင်လယ်ဘက်ခြမ်းတစ်လျှောက်မှာအများဆုံးဖြစ်ပြီး ဖုန်းကင်မရာကိုင် လူငယ်တွေအတွက် လူကြိုက်များတဲ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့ကမွမ်ဘိုင်းမြို့အစွန်ရှိBhiwandiကိုပျော်ပွဲစားထွက်နေတဲ့ ဆယ်ကျော်သက်နှစ်ဦးဆယ်ဖီရိုက်နေစဉ်မှာရေနစ်သေခဲ့တယ်လို့ ဒေသန္တရသတင်းမီဒီယာကသတင်းထုတ်ပြန်ပါတယ်။
အချို့နေရာတွေကို ဖော်ထုတ်မှတ်ရခြင်းမရှိသေးပေမယ့်လည်း အဖြစ်များတဲ့နေရာတွေမှာတော့ အရေးယူဆောင်ရွက်မှုတွေ စတင်နေပြီလို့ ဆိုပါတယ်။
''ကျနော်တို့ ရဲတွေကိုအဲဒီနေရာတွေမှာ ဖြန့်ကျက်ချထားတယ်။ ပြီးတော့ အဲဒီနေရာတွေမှာသတိပေးဆိုင်းဘုတ်တွေထားဖို့ လည်း မြို့တော်ကောင်စီကိုတင်ပြထားပါတယ်'' လို့ သူကထပ်ပြောပါတယ်။
''အဲဒီနေရာမှာလူတွေကိုဘေးကင်းစေဖို့အတွက် အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်း တွေ ဖြန့်ကျက်ထားပေးဖို့ကိုလည်းတောင်းဆိုခဲ့ပါ တယ်''
ကမ္ဘာတစ်ခွင်က ထင်ရှားကျော်ကြားတဲ့ ခရီးသွားနေရာတွေမှာ ဆယ်ဖီရိုက်တံတွေကို နေရာတိုင်းလိုလိုမှာ တွေ့နေရပြီး စိတ်အနှောင့်အယှက်ပေးသလို၊ မတော်တဆမှုတွေလည်း ဖြစ်ပေါ်စေနိုင်တာမို့ တင်းကျပ်ကန့်သတ်ဖို့ ကြိုးစားမှုတွေနောက်မှာ ယခုကဲ့သို့ ဆယ်ဖီမဆွဲရလှုပ်ရှားမှု ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဒစ္စနေးလင်းလို နေရာတွေအပြင် ပါရီက လူဘာလိုနေရာတွေကလည်း ဆယ်ဖီရိုက်ခြင်းကို ပိတ်ပင်လာခဲ့ကြပါတယ်။