အနီးကပ်တိုက်ခိုက်မှုနှင့် ဒေသကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ၉ မမ ကျည်အသုံးပြုပစ်ခတ်ရသည့် မောင်းပြန်သေနတ် ထုတ်လုပ်အောင်မြင်

အနီးကပ်တိုက်ခိုက်မှုနှင့် ဒေသကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ၉ မမ ကျည်အသုံးပြုပစ်ခတ်ရသည့် မောင်းပြန်သေနတ် ထုတ်လုပ်အောင်မြင်

စိုင်းခန့်

(မဇ္စျ်ိမ)။။ အနီးကပ်တိုက်ခိုက်မှုများနှင့် ဒေသကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် 9mm ကျည်ဖြင့် ပစ်ခတ်ရသည့် မောင်းပြန်သေနတ်ကို ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း Flying Dragon Force တပ်ဖွဲ့ထံမှ သိရသည်။

9mm ကျည် အသုံးပြုကာ ပစ်ခတ်နိုင်သည့် MK2 မောင်းပြန်သေနတ်ကို ပြည်သူလူထု၏ လှူဒါန်းထားသည့် အလှူငွေများဖြင့် ပြီးခဲ့သည့် ငါးလခန့်ကတည်းက ထုတ်လုပ်အောင်မြင်ခဲ့ခြင်း ဖြစ်ပြီး အခက်အခဲတချို့ကြောင့် ယခုအချိန်မှသာ ထုတ်ပြခြင်း ဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ဆိုသည်။

“ ထုတ်ဖြစ်တဲ့ သေနတ်ကတော့ 9mm ကျည်နဲ့ ပစ်ရတဲ့ လက်နက်ပေါ့။ ဒေသကာကွယ်ရေးအတွက်နဲ့ အနီးကပ်တိုက်ခိုက်ဖို့အတွက် ဦးတည်ပြီး ထုတ်ဖြစ်တာပါ။ ထုတ်လုပ်အောင်မြင်တာ ငါးလ လောက်ရှိပါပြီ။ အခက်အခဲတွေကြောင့် ထုတ်မပြဖြစ်တာပါ” ဟု Flying Dragon Force မှ တာဝန်ခံ ကိုဗလက မဇ္စျိမကို ပြောသည်။

MK2 မောင်းပြန်သေနတ်သည် မီတာ ၂၀၀ အကွာအဝေးအထိ ပစ်ခတ်တိုက်ခိုက်နိုင်ပြီး တစ်လက်လျှင် ကုန်ကျစရိတ် ခြောက်သိန်းဝန်းကျင်ခန့် ကုန်ကျခဲ့ကာ အခြားလက်နက်များကိုလည်း စမ်းသပ်ထုတ်လုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

Flying Dragon Force တပ်ဖွဲ့မှ ထုတ်လုပ်ခဲ့သည့် MK2 သေနတ်များသည် လက်ရှိအချိန်မြေပြင်တွင် စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တပ်ဆင်ပေးနိုင်ရန်လည်း ဆက်လက်လုပ်ဆောင်နေကြောင်း Flying Dragon Force မှ တာဝန်ခံ ကိုဗလက ပြောသည်။

ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရာတွင် မိုင်းနှင့် လက်လုပ်သေနတ်များကိုသာ အားကိုးပြီး တိုက်ပွဲဝင်နေရသည့်အတွက် မြေပြင်တွင် တိုက်ပွဲဝင်နေသည့် LPDF များကို ကူညီထောက်ပံ့ပေးကြရန်လည်း Flying Dragon Force တာဝန်ခံက ပြည်သူလူထုကို မေတ္တာရပ်ခံထားသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ကာကွယ်ရေးတပ်ဖွဲ့များ

#FlyingDragonForce

#အနီးကပ်တိုက်ခ်ိုက်မှုများ

#မေတ္တာရပ်ခံ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly