ကြံခင်းမြို့နယ် ပန်းရံစုကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်ခံရ

ကြံခင်းမြို့နယ် ပန်းရံစုကျေးရွာအုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်ခံရ

October 7

မဇ္ဈိမ။ ။ဧရာဝတီတိုင်း၊ ကြံခင်းမြို့နယ်၊ တလိုင်းကွင်းကျေးရွာအုပ်စုရှိ ပန်းရံစုကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်ခံရကြောင်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၆ ရက်၊ ည ၆ နာရီ ၂၀ မိနစ်ခန့်က တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဒေသခံများထံက သိရသည်။

"ပေါက်တဲ့ အသံကတော့ တော်တော်ကျယ်တယ်။ လူတွေထိသွားတယ်လို့တော့ မကြားဘူး။ အုပ်ချုပ်ရေးမှူးရုံးကတော့ ဗုံးစတွေ စင်သွားတယ်ဆိုတော့ ထိခိုက်မှု ရှိနိုင်တယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပေါ်ပြီး မိနစ်အနည်းငယ်အတွင်း စစ်ကောင်စီတပ်နှင့် ရဲများ ရောက်ရှိလာကာ ပန်းရံစုကျေးရွာအတွင်း စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ဗုံးပစ်ခံခဲ့ရသည့် ပန်းရံစုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးရှိ စစ်ကောင်စီက ခန့်အပ်ထားသူများသည် ဒေသခံပြည်သူများကို ဖိနှိပ်ခြင်း၊ မတရားငွေကြေးတောင်းယူခြင်းများကို မကြာခဏပြုလုပ်လျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ ဗုံးပစ်တိုက်ခိုက်မှုကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကြံခင်းမြို့နယ်(ပကဖ)က ထုတ်ပြန်ထားသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ် ။ ။ သန့်ဇော်(သန်လျင်)

#ဧရာဝတီတိုင်း

#ကြံခင်းမြို့နယ်

#ပန်းရံစုအုပ်ချုပ်ရေးမှူးရုံး

#ဗုံးပစ်တိုက်ခိုက်

#နန်းထိုက်အောင်စစ်ဆင်ရေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required