ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၅၁၆ ရက်မြောက် ချီတက်ဆန္ဒပြ

ယင်းမာပင်မြို့နယ် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း ၅၁၆ ရက်မြောက် ချီတက်ဆန္ဒပြ

ကိုခင်မောင်

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် နယ်မြေမတည်ငြိမ်မှုများကြားမှ ယနေ့ အောက်တိုဘာလ ၇ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြခဲ့ကြသည်။

သပိတ်စစ်ကြောင်းသည် နွေဦးတော်လှန်ရေးတိုက်ပွဲတွင် ကျဆုံးသွားခဲ့ရသည့် အာဇာနည်သူရဲကောင်း သုံးဦးအား အသိအမှတ်ပြုကာ အာဇာနည်သူရဲကောင်းသုံးဦးထံ "ကျဆုံးသွားသော အာဇာနည်တွေအတွက် သစ္စာစောင့်တည်ကြ" ကြွေးကြော်သံများ ဟစ်ကြွေးချီတက်အလေးပြုပြီး စစ်အာဏာရှင်ချေမှုန်းရေး သပိတ်မှောက်ခဲ့ကြခြင်း ဖြစ်သည်။

“သွေးမအေးသည့် ရွှေနွယ်သွေးသပိတ်စစ်ကြောင်း” သည် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၁၆ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ကြခြင်းဖြစ်သည်ဟု သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ရွှေနွယ်သွေးသပိတ်စစ်ကြောင်း

#ဆန္ဒပြမှု

#ကြွေးကြော်သံ

#ယင်းမာပင်မြို့နယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly