တရုတ်ထံမှ ကြွေးမြီသက်သာခွင့်တောင်းဆိုရန် ပါကစ္စတန်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

တရုတ်ထံမှ ကြွေးမြီသက်သာခွင့်တောင်းဆိုရန် ပါကစ္စတန်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

ပါကစ္စတန်က ဆိုးရွားသောရေလွှမ်းမိုးမှုများနှင့် ရင်ဆိုင်နေရချိန်တွင် သဘာဝဘေးဒဏ်ကို ဖြေရှင်းရန် တရုတ်ထံမှ ကြွေးမြီသက်သာခွင့်တောင်းဆိုရန် ပါကစ္စတန်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်းကင်က တိုက်တွန်းလိုက်သည်။

"အိန္ဒိယနဲ့တာဝန်သိတဲ့ဆက်ဆံရေးကိုစီမံခန့်ခွဲခြင်းရဲ့အရေးပါမှုကိုကျွန်တော်တို့ပြောခဲ့ပြီးပါပြီ၊ပါကစ္စတန်က ရေကြီးမှုကနေမြန်မြန်ဆန်ဆန်ပြန်လည်နာလန်ထဖို့အတွက်ကြွေးမြီသက်သာခွင့်နဲ့ပြန်လည်တည်ဆောက်ရေး ဆိုင်ရာအရေးကြီးကိစ္စတွေမှာတရုတ်နဲ့ညှိနှိုင်းဖို့ကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုတိုက်တွန်းခဲ့ပါတယ်" ဟုဘလင်ကင်၏ဝါရှင်တန်တွင်ပြောကြားချက်ကိုVoice of America မှကိုးကားဖော်ပြထားသည်။

အစိုးရနှင့်ပြည်တွင်းပြည်ပကယ်ဆယ်ရေးအဖွဲ့အစည်းများ၏ကြိုးပမ်းမှုများရှိသော်လည်းအစိုးရနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းများ၏ကြိုးပမ်းမှုများကြားမှရေဘေးသင့်ဒေသများတွင်လူအများအပြားမှာစားနပ်ရိက္ခာနှင့်ဆေးဝါးများအရေးပေါ်လိုအပ်နေကြောင်းExpress Tribune ကဖော်ပြခဲ့သည်။

တရုတ်သည်ပါကစ္စတန်၏စီးပွားရေးနှင့်နိုင်ငံရေးမိတ်ဖက်နိုင်ငံဖြစ်ပြီးပါကစ္စတန်၏စစ်အေးတိုက်ပွဲမဟာမိတ်ဖြစ် သောအမေရိကန်ကပါကစ္စတန်သည်ရေရှည်မတည်တံ့နိုင်သောကြွေးမြီများနှင့်ရင်ဆိုင်ရချိန်တွင် တရုတ်သည် အကျိုးအမြတ်များခံစားနေသည်ဟု ထပ်ခါတလဲလဲစွပ်စွဲထားသည်။

ပါကစ္စတန်တစ်ဝန်းရေကြီးရေလျှံမှုများကြောင့်ပျက်စီးဆုံးရှုံးမှုများဆက်တိုက်ဖြစ်ပေါ်နေချိန်တွင်ကလေးငယ်များသည်ဘက်တီးရီးယားများပါဝင်သည့်ရေများသောက်သုံးမှုကြောင့်ဖြစ်သောကူးစက်ရောဂါဖြစ်သည့်ဝမ်းပျက်ဝမ်းလျှောရောဂါကဲ့သို့ရောဂါများဖြင့်သေဆုံးနေကြသည်။

 ပါကစ္စတန်၊ဆင်းပြည်နယ်တစ်ခုတည်းရှိမိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုဆေးရုံတွင်နေ့စဉ်ကလေး၁၀ဦးကျော်သေဆုံးနေရကြောင်း၊တောင်အာရှနိုင်ငံဖြစ်သည့်ပါကစ္စတန်တွင်ဆိုးရွားသောရေလွှမ်းမိုးမှုမှအစပြုသောရေနှင့်ဆက်စပ်သောရောဂါဖြစ်သည့်ကာလဝမ်းရောဂါဆိုင်ရာဆရာဝန်များကပြောကြားကြောင်းCNN ကဖော်ပြခဲ့သည်။

 ဘလူချီစတန်နှင့်ဆင်းပြည်နယ်တို့တွင်ဆိုးရွားသည့်ကူးစက်မှုများစွာဖြင့်ရင်ဆိုင်နေရသည်။

 စီးဆင်းမှုမရှိသည့်ရေပုပ်များကြောင့်ပါကစ္စတန်ရှိပြည်နယ်အများအပြားတွင်အရေပြားနှင့်မျက်လုံးပိုးဝင်ခြင်း၊ဝမ်းပျက်ဝမ်းလျှော၊ငှက်ဖျားရောဂါ၊တိုက်ဖွိုက်နှင့်သွေးလွန်တုပ်ကွေးရောဂါများပျံ့နှံ့ဖြစ်ပွားနေခဲ့ပြီးပါကစ္စတန်ပြည်သူများအတွက်ကျန်းမာရေးဆိုင်ရာခြိမ်းခြောက်မှုများဖြစ်ပေါ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required