ထိုင်ဝမ်ပေါင်းစည်းရေးအတွက် တရုတ်တွင် ဆီလျော်သော ဗျူဟာမရှိဟု အမေရိကန်ပညာရှင်များပြော

ထိုင်ဝမ်ပေါင်းစည်းရေးအတွက် တရုတ်တွင် ဆီလျော်သော ဗျူဟာမရှိဟု အမေရိကန်ပညာရှင်များပြော

ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာပေါင်းစည်းရေး အောင်မြင်ရန် တရုတ်တွင် ဆီလျော်သော ပြည်တွင်းဗျူဟာနှင့် လမ်းပြမြေပုံ မရှိကြောင်း ကျွမ်းကျင်သူများက ယုံကြည်ထားကြသည်ဟု မကြာသေးမီက အမေရိကန်အခြေစိုက် ပညာရှင်အဖွဲ့ဖြစ်သော မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) မှ မကြာသေးခင်က ပြုလုပ်ခဲ့သော လေ့လာမှုစစ်တမ်းတစ်ရပ်၌ ဖော်ပြထားသည်။

CSIS က အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီက ထိုင်ဝမ်သို့ သွားရောက်ခဲ့ပြီးနောက် တရုတ်၏ ကစားကွက်အစီအစဉ်များအပေါ် အမြင်များရယူရန် တရုတ်၊ ထိုင်ဝမ်နှင့် ရေလက်ကြား ဖြတ်ကျော် ဆက်ဆံရေးများဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၆၄ ဦးနှင့် စစ်တမ်းတစ်ခုပြုလုပ်ခဲ့သည်ဟု Nikkei Asia က ဖော်ပြသည်။

 တရုတ်နိုင်ငံသည် ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပေါင်းစည်းရေးအတွက် ဆီလျော်သော ပြည်တွင်းရေး မဟာဗျူဟာနှင့် လမ်းပြမြေပုံ မရှိကြောင်း အမေရိကန် ကျွမ်းကျင်သူ အများစုက ယုံကြည်ကြသည်ကို စစ်တမ်းအရ တွေ့ရှိခဲ့သည်။ 

 စစ်တမ်းဖြေဆိုသူ ၈၀ ရာခိုင်နှုန်းက တရုတ်သည် ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာပေါင်းစည်းရေးအတွက် ခိုင်မာသောအဆင့်များနှင့် လုပ်ဆောင်နိုင်သော နောက်ခြေလှမ်းများ ရှိလိမ့်မည်ဟု မယုံကြည်ကြောင်း ဖြေဆိုခဲ့ကြသည်။

 CSIS က ၎င်းသည် ထိုင်ဝမ်အစိုးရနှင့် ပြည်သူများ၏ နှလုံးသားနှင့် စိတ်ဓာတ်များကို တရုတ်က သိမ်းပိုက်နိုင်စွမ်းမရှိခြင်းနှင့် ဟောင်ကောင်တွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဆိုင်ရာ ကတိကဝတ်များ တခြားစီဖြစ်သွားပြီးနောက် တရုတ်က ပေးအပ်ထားသည့် “တစ်နိုင်ငံ စနစ်နှစ်မျိုး” ပုံစံ ပြိုလဲမှုနှင့် ဆက်စပ်ဖွယ်ရှိသည်ဟု CSIS မှ မှတ်ချက်ပြုခဲ့သည်။
 
မီဒီယာများနှင့် တခြားသော ပညာရှင်များ၏ နှီးနှောဖလှယ်ပွဲများတွင် ဖော်ပြထားချက်နှင့်ဆန့်ကျင်စွာပင် တရုတ်သည် ထိုင်ဝမ်ကိုရုတ်တရက်ကျူးကျော်ရန် ပြင်ဆင်နေသည်ဆိုသည်ကို ပညာရှင်အများစုက မယုံကြည်ကြကြောင်း စစ်တမ်းများက ဖော်ပြနေသည်။

စစ်တမ်းအရ ဖြေဆိုသူ ၄၄ ရာခိုင်နှုန်းက တရုတ်သည် ၂၀၄၉ ခုနှစ်တွင် ပြန်လည်ပေါင်းစည်းရေးလုပ်နိုင်ရန် သတ်မှတ်ထားသည်ဟု ဆိုသည်။ 

ကျွမ်းကျင်ပညာရှင်များကလည်း တရုတ်သည် ထိုင်ဝမ်ပြဿနာကို ၂၀၂၇ ခုနှစ်၊ ၂၀၄၉ ခုနှစ်နှင့် ၂၀၇၂ ခုနှစ်တို့အကြား တစ်ချိန်ချိန်တွင် ဖြေရှင်းနိုင်ကြောင်း ယူဆထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required