မန္တလေးမြို့တွင် လူသတ်ဓားပြတိုက်မှု ကျူးလွန်သူကို နာရီပိုင်းအတွင်း ပြန်ဖမ်းမိ

မန္တလေးမြို့တွင် လူသတ်ဓားပြတိုက်မှု ကျူးလွန်သူကို နာရီပိုင်းအတွင်း ပြန်ဖမ်းမိ

အောက်တိုဘာလ ၆ ရက်

မန္တလေးမြို့တွင် ယနေ့နံနက်က ဖြစ်ပွားခဲ့သည့် လူသတ် ဓားပြတိုက်မှုနှင့်ပတ်သက်၍ ကျူးလွန်သူအား ချက်ချင်းဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်ကောင်စီ ၏ နယ်မြေခံရဲတပ်ဖွဲ့က ဆိုသည်။

ယနေ့အောက်တိုဘာလ ၆ ရက်နံနက် ၅ နာရီအချိန်ခန့်က ပြည်ကြီးတံခွန်မြို့နယ် ငွေတော်ကျီကုန်းရပ်ကွက်၊ ၇၂ လမ်း၊ ၁၁၈ လမ်း နှင့် ၁၁၉ လမ်းထောင့်ရှိ ဆေးဆိုင်ဖွင့်ထားသည့်နေအိမ် ဓားပြတိုက် အနုကြမ်းစီးခံရခြင်းဖြစ်ပြီး ကျူးလွန်သူသည် တစ်ရပ်ကွက်တည်းနေထိုင်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

“မနက်အစောကြီး ဆေး၀ယ်ချင်လို့ဆိုပြီး တံခါးဖွင့်ခိုင်းတယ်ပေါ့ဗျာ၊ တံခါးဖွင့်ပေးတဲ့အချိန်မှာ အိမ်ထဲရှိတဲ့ အမျိုးသမီးနှစ်ဦး ကိုသတ်ပြီး ငွေနဲ့ရွှေထည်ပစ္စည်းတွေကို ယူသွားတယ် မနက် ၉ နာရီလောက်မှာတရားခံကို ဖမ်းမိသွားတာပါ” ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်တွင် ငွေနှင့်ပစ္စည်း မည်မျှပါသွားကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ရဲတပ်ဖွဲ့က ပြောဆိုခြင်းမရှိသေးပေ။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly