ရန်ကုန်မြို့ မဟာဗန္ဓုလတံတားပေါ် ကွန်တိန်နာ ကားတိမ်းမှောက်မှုဖြစ်ပွါး၊ယာဉ်မောင်းထွက်ပြေးတိမ်းရှောင်

ရန်ကုန်မြို့ မဟာဗန္ဓုလတံတားပေါ် ကွန်တိန်နာ ကားတိမ်းမှောက်မှုဖြစ်ပွါး၊ယာဉ်မောင်းထွက်ပြေးတိမ်းရှောင်

အောက်တိုဘာလ ၆ ရက်

ရန်ကုန်မြို့ ၊ မဟာဗန္ဓုလတံတားပေါ်တွင် ယနေ့ အောက်တိုဘာလ ၆ရက် နံနက် ၅ နာရီခန့်က ကွန်တိန်နာယာဥ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်ဟု ယာဥ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေး (ရန်ကုန်)ထံက သိရသည်။

ဒေါပုံဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်းအမည်(စိစစ်ဆဲ)မောင်းနှင်လာသော ကွန်တိန်နာယာဥ် အမှတ်(MDY 6C/5092 )သည် ဗန္ဓုလတံတားပေါ်မှ ပုဇွန်တောင်ဘက်သို့အဆင်းတွင် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယာဥ်တိမ်းမှောက်ကြောင့် တံတားပျက်စီးမှုမရှိကြောင်း၊ကွန်တိန်နာယာဥ်မောင်း ထွက်ပြေးလျက်ရှိကြောင်းနှင့် စည်းကမ်းမဲ့မောင်းနှင်သည့် ယာဉ်မောင်းအား ဖော်ထုတ်ဖမ်းဆီးရမိရေး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly