တရုတ်က ထိုင်ဝမ်ကို လတ်တလော ကျုးကျော်မည့်အခြေအနေမရှိဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးပြော

By Taipei Times
03 October 2022
တရုတ်က ထိုင်ဝမ်ကို လတ်တလော ကျုးကျော်မည့်အခြေအနေမရှိဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးပြော

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး လွိုက်အော်စတင်က တရုတ်သည် ထိုင်ဝမ်ကို များမကြာမီအချိန်အတွင်း ကျူးကျော်မည့်အလားအလာမရှိကြောင်းနှင့် နိုင်ငံတစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားမှုများနှင့်အတူ အသစ်ပုံစံ အခြေအနေတစ်ခုဖန်တီးရန် ကြိုးစားနေသည်ဟု အောက်တိုဘာ ၂ ရက်တွင် ပြောသည်။

“တရုတ်က အသစ်ပုံစံလို့ခေါ်တဲ့အခြေအနေတစ်ခုကို တည်ဆောက်ဖို့ လှုပ်ရှားနေတာကို တွေ့မြင်နေရတယ်။ စစ်ရေးလှုပ်ရှားမှုတွေ တိုးလာပြီး  တရုတ်လေယာဉ်တွေက ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းတာတွေ တွေ့ရပါ တယ်။ အချိန်နဲ့အမျှ ဖြတ်သန်းမှုတွေ ပိုများလာပါတယ်။ 

ထိုင်ဝမ်နဲ့အနီးတစ်ဝိုက်မှာ ရေပြင်လှုပ်ရှားမှုတွေ ပိုတွေ့လာရတယ်” ဟု အော်စတင်က ဆိုသည်။

အမေရိကန်နှင့် မဟာမိတ်များက ဒေသတွင်းတစ်လျှောက် သင်္ဘောများ ဆက်လက်ခုတ်မောင်းခြင်း အားဖြင့်တုံ့ပြန်ခဲ့သည်။ အမေရိကန်ရေတပ်မှ စစ်သင်္ဘော ၁ စင်းနှင့် ကနေဒါဖရီးဂိတ်သင်္ဘော ၁ သည် စက်တင် ဘာ ၂၀ ရက်က ထိုင်ဝမ်ရေလက်ကြားကို ပုံမှန်ဖြတ်သန်းခဲ့သည်။

အမေရိကန်သည် လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို ထိန်းသိမ်းထားနိုင်ရန် ၎င်း၏ မဟာမိတ်များ မိတ်ဖက်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အော်စတင်က အင်တာ ဗျူးတွင် ပြောကြားခဲ့သည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ ပြောကြားချက်အတိုင်း အမေရိကန်စစ်တပ်က ထိုင်ဝမ်သို့ တပ်ဖွဲ့များ စေလွှတ်မည်လားနှင့်ပတ်သက်၍ CNN မှ အစီအစဉ်တင်ဆက်သူ ဖရိဒ်ဇာကာရီ၏ မေးမြန်းချက်ကို အော်စတင်က သွယ်ဝိုက်၍ ဖြေဆိုခဲ့သည်။

“အမေရိကန်စစ်တပ်က ကျွန်တော်တို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့နဲ့ ကတိကဝတ်တွေ တည်ဖို့ အမြဲအသင့် ပြင်ထားပါတယ်။ သမ္မတက ဖြစ်နိုင်ဖွယ်ရှိတဲ့မေးခွန်းတွေကို ဖြေရာမှာ ပြတ်ပြတ်သားသား ပြောတတ်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အော်စတင်က ပြောသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ၏ ထိုင်ဝမ်ခရီးစဉ်အပြီးတွင် တရုတ်သည် အကြီးတန်းစစ်ဦးစီးမှူးများအကြား ဆွေးနွေးမှုအပါအဝင် နယ်ပဘ်အများအပြားတွင် အမေရိကန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဩဂုတ်လက ရပ်တန့်ခဲ့သည်။

အောက်စတင်က တရုတ်ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေဖန်ဟီနှင့် ဖုန်းဖြင့်လည်းကောင်း လူကိုယ်တိုင်လည်းကောင်း ပြောဆိုခဲ့ကြောင်းပြောသော်လည်း ၎င်းအကြားဆက်ဆံရေးလမ်းကြောင်းသည် ယခုအချိန်တွင် ဖွင့်လှစ်မထားသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required