ပထဝီနိုင်ငံရေး မတူညီမှုများရှိနေသော်လည်း အဇာဘိုင်ဂျန် နှင့် အိန္ဒိယတို့ ပူးပေါင်းဆောင်ရွက်ရေးတွင် ရင်းနှီးမြှုပ်နှံ  

By New Eastern Europe
03 October 2022
ပထဝီနိုင်ငံရေး မတူညီမှုများရှိနေသော်လည်း အဇာဘိုင်ဂျန် နှင့် အိန္ဒိယတို့ ပူးပေါင်းဆောင်ရွက်ရေးတွင် ရင်းနှီးမြှုပ်နှံ  

အဇာဘိုင်ဂျန်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် ဒုတိယကာရာဘက်ခ် စစ်ပွဲအား အောင်နိုင်ပြီးနောက် အိန္ဒိယနှင့် မိတ်ဖက်ဆက်ဆံရေးသည် လက်တွေ့ကျကျ အခိုင်အမာ အောင်မြင်မှုရှိလာခဲ့သည်။ ထို့ပြင် ရုရှားက ယူကရိန်းကို ဝင်ရောက်ကျူးကျော်ခြင်းနှင့် ပိတ်ဆို့အရေးယူများ ချမှတ်ခံရခြင်းတို့ကလည်း အဇာဘိုင်ဂျန်နှင့် အိန္ဒိယအတွက် အခွင့်အလမ်းသစ်များ ဖြစ်ပေါ်လာရာတွင် နိုင်ငံတကာ မြောက်နှင့်တောင် ပို့ဆောင်ရေး စင်္ကြံ အစီအစဉ်သည် လည်း ပြန်လည်အသစ်ပြုလုပ်ထားသည့် ပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်လာသည်။

နှစ်နိုင်ငံအကြား မိတ်ဘက်ဆက်ဆံရေးနှင့် ကဏ္ဍအများအပြားတွင် ပူးပေါင်းဆောင်ရွက်မှုများ ကာလကြာမြင့်သည့် အချိန်ကပင် ရှိနေခဲ့သည်။  

ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံများအဖြစ် နှစ်ပေါင်းများစွာကပင် ဖြစ်ခဲ့သော်လည်း အာဇာဘို်ငဂျန်အား အနည်းငယ် ရန်လိုသည့် နိုင်ငံအဖြစ် သတ်မှတ်ခဲ့ခြင်းကြောင့် အိန္ဒိယက သံတမန်ဆက်ဆံရေးတွင် ကောင်းမွန်ခြင်းမရှိခဲ့ပေ။ 

အိန္ဒိယ အာဏာရပါတီဝင်များက တမန်တော် မိုဟာမက်ကို စော်ကားပြောဆိုသည့် မှန်ချက်များကြောင့် ပြစ်တင် ကန့်ကွက်ရန် အိန္ဒိယနိုင်ငံဆိုင်ရာ အဇာဘိုင်ဂျန် သံအမတ်ကြီးအား အဇာဘိုင်ဂျန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်၊ ဇွန် ၉ ရက်တွင် ဆင့်ခေါ်ခဲ့သလို ယင်းကဲ့သို့ ပြောဆိုသည့် တာဝန်ရှိသူများကို အရေးယူရန်လည်း အိန္ဒိယအစိုးရကို တောင်းဆိုခဲ့သည်။ 

အဇာဘိုင်ဂျန်၏ နိုင်ငံတကာနှင့် သက်ဆိုင်သည့် ကဏ္ဍအမျိုးမျိုးတွင်  အိန္ဒိယက သံတမန်နည်းလမ်းဖြင့် ပိတ်ဆို့ရန် ကြိုးပမ်းမှုများအကြောင်းကို အဇာဘိုင်ဂျန် နိုင်ငံပိုင် ရုပ်သံတွင် ဩဂုတ်လအတွင်းက ပြသခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required