ကောင်းခါးပြည်သူ့စစ်ခေါင်းဆောင်၏ ဈာပန အခမ်းအနားမြင်ကွင်း

ကောင်းခါးပြည်သူ့စစ်ခေါင်းဆောင်၏ ဈာပန အခမ်းအနားမြင်ကွင်း

မဇ္ဈိမ။ ။

ရှမ်းပြည်နယ်မြောက်ပိုင်း ကောင်းခါးပြည်သူ့စစ်ခေါင်းဆောင် ဦးလဖိုင်ဇော်ယွန် (Lahpai Zau Yun)၏ ယမန်နေ့ အောက်တိုဘာလ ၄ရက်နေ့ ဈာပနအခမ်းအနား မြင်ကွင်းဖြစ်သည်။

ကောင်းခါးပြည်သူ့စစ်ခေါင်းဆောင် ဦးလဖိုင်ဇော်ယွန်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့တွင် ကောင်းခါးပြည်သူ့စစ်ဌာနချုပ်ရှိ ၎င်း၏နေအိမ်တွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

ဦးလဖိုင်ဇော်ယွန်ကို ၁၉၄၅ ခုနှစ်တွင် မွေးဖွားခဲ့သည့်အတွက် ကွယ်လွန်ချိန်၌ အသက် ၇၇ နှစ်ရှိပြီဖြစ်သည်။

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)တပ်ဖွဲ့တွင် ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၉၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဦးမထုနော်ဦးဆောင်ပြီး KIA မှခွဲထွက်ကာ နဝတ အစိုးရ(စစ်အစိုးရ)နှင့်ငြိမ်းချမ်း‌ရေး ယူသွားသည့် Kachin Defence Army - KDA အဖွဲ့တွင် ဦးဆောင်ပါဝင်ခဲ့သည့် ခေါင်ဆောင်တစ်ဦးလည်း ဖြစ်သည်။

ထို့နောက် ၂၀၁၀ ခုနှစ်တွင် KDA အနေဖြင့်မဟုတ်တော့ဘဲ ကောင်းခါးပြည်သူ့စစ်အဖွဲ့အဖြစ် အသွင်ကူးပြောင်း၍ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာတွင် အခြေစိုက်လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။

ကောင်းခါးပြည်သူ့စစ် ခေါင်းဆောင်ဦးမထုနော်သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့၌ ကွယ်လွန်သွားခဲ့ကာ ၎င်း၏နေရာတွင် ဦးလဖိုင်ဇော်ယွန်က ခေါင်းဆောင်တာဝန်ရယူခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

သတင်းဓာတ်ပုံ - Kachin wave

#ကောင်းခါးပြည်သူ့စစ်

#KDA

#ဈာပန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly