အရှည် ၁၈ ပေရှိ ဝေလငမန်း (Whale Shark) ရေးမြို့နယ် ကမ်းခြေတွင် သေဆုံးလျှက် တွေ့ရှိ

By ကိုရွှေမြိတ်
05 October 2022
အရှည် ၁၈ ပေရှိ ဝေလငမန်း (Whale Shark) ရေးမြို့နယ် ကမ်းခြေတွင် သေဆုံးလျှက် တွေ့ရှိ

October 5

မဇ္ဈိမ ။ ။ မွန်ပြည်နယ်၊ ရေးမြို့နယ် တောင်ပိုင်းရှိ သဲခုံရွာ ကမ်းခြေ၌ ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် အရှည် ၁၈ ပေရှိ ဝေလငမန်း (Whale Shark) တစ်ကောင် သောင်တင် သေဆုံးလျက် တွေ့ရှိရကြောင်း ဒေသခံများထံမှ သိရသည်။

ရေးမြို့နေ ဒေသခံ တစ်ဦးက “ကမ်းခြေမှာ သောင်တင်သေဆုံးနေတာ တွေ့ရပါတယ်၊ အရှည် ၁၂ တောင်ရှိတယ်လို့ သိရတယ်၊ ဒေသခံတွေကတော့ သက်ဆိုင်ရာ ငါးဦးစီးဌာနကို အသိပေး အကြောင်းကြားထားတယ်”ဟု ပြောသည်။

အဆိုပါ သောင်တင် သေဆုံးလျက် တွေ့ရှိသည့် ဝေလငမန်း (Whale Shark) ကို ရေးမြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာနသို့ အသိပေး အကြောင်းကြား ထားကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ရေးမြို့နယ်

#WhaleShark

#သောင်တင်သေဆုံး

#ငါးလုပ်ငန်းဦးစီးဌာန

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly