ဝက်လက်မြို့နယ်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၆ဦးသေဆုံး ဟုဆို

ဝက်လက်မြို့နယ်တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သား ၆ဦးသေဆုံး ဟုဆို

October 5

မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ စိုင်နိုင်ကွေ့အနီးတွင် စစ်ကောင်စီတပ်အား ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ခြောက်ဦးသေဆုံးသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force(CAF)က ယမန်နေ့ အောက်တိုဘာလ ၄ရက်တွင်ထုတ်ပြန်သည်။

“ကျနော်တို့ မဟာမိတ်တွေနဲ့ ပူးပေါင်းတိုက်ခဲ့ကြတာပါ ။ ဒေသခံများထံကနေ သေတဲ့စရင်းတွေကို ပြန်ပြီးသိခဲ့ရတယ်” ဟု CAF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အောက်တိုဘာလ ၃ ရက် ညနေ ၃ နာရီ အချိန်ခန့်က ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့အနီးတွင် လှတောကျေးရွာအား အကြမ်းဖက်ခဲ့သော အင်အား ၈၀ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်းဆိုသည်။

နှစ်ဖက် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ချိန် ၁နာရီ ၃၀မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများရှိခဲ့၍ ရွာသာကြီးရွာဘက်မှ စကစ တပ် စစ်ကူလာသဖြင့် မဟာမိတ်တပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် Chindwin Attack Force တပ်ရင်း (၃) တပ်ခွဲ(၃)၊ ဂဠုန်နက် PDF ၊ Ma Huu Yar Wild Horse People Defense Force ၊ Burmese Farmers Defense Force (BFDF) ၊ ရွှေတြိဂံအဖွဲ့ ၊ သမန်းကျားအဖွဲ့ ၊ True Arrow LPDF နှင့် မဟာမိတ်တပ်ပေါင်းစုများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အောက်တိုဘာ ၃ရက်နေ့က စစ်ကိုင်းတိုင်း မုံရွာမြို့ တိုင်းရုံးများအနောက်ဖက်တွင် စစ်ကောင်စီ ၊ရဲတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးဆိုသူများ အစည်းအဝေးပြုလုပ်နေကြောင်း Chindwin Attack Force တပ်ရင်း (၂)၊ (၃)၊ (၄) အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့(IO) အဖွဲ့မှ စုံစမ်းပြီး သတင်းပေးအတည်ပြုချက်အရ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys မှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ၁၀ဦး သေဆုံးသွားကြောင်း သိရှိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

#စစ်ကိုင်းတိုင်း

#ဝက်လက်မြိုနယ်

#စစ်ကောင်စီတပ်

#တိုက်ခိုက်ခံရ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly