လောင်းလုံးမြို့မှာ ပျူစောထီး အဖွဲ့ဝင် ၃ ဦး PDF အဖွဲ့က ပစ်ခတ် ရှင်းလင်း

By ကိုရွှေမြိတ်
05 October 2022
လောင်းလုံးမြို့မှာ ပျူစောထီး အဖွဲ့ဝင် ၃ ဦး PDF အဖွဲ့က ပစ်ခတ် ရှင်းလင်း

October 5

မဇ္ဈိမ ။ ။ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ပန္ဒလဲကျေးရွာနေ စစ်ကောင်စီ လက်အောက်ခံ စွန်ရဲ အဖွဲ့ဝင် ပျူစောထီး သုံးဦးကို ယမန်နေ့ အောက်တိုဘာလ ၄ ရက်နေ့ နေ့လယ် ၁ နာရီခန့် အချိန်တွင် နန်းထိုက်အောင် စစ်ဆင်ရေးဖြင့် ပစ်ခတ် ရှင်းလင်း ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များထံမှ သိရသည်။

အဆိုပါ ပျူစောထီး အဖွဲ့ဝင် သုံးဦးကို ပစ်ခတ် ရှင်းလင်းချိန်တွင် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နောက် သုံးဦး စလုံး သေဆုံးခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ငယ်အပါဝင် ဆက်စပ်ပစ္စည်း တချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု PDF ရဲဘော် တစ်ဦးထံမှ သိရသည်။

LLPDF အဖွဲ့ဝင် တစ်ဦးက"သူတို့က ပျူခေါင်းဆောင် ငဇော်၏ တပည့် အရင်းတွေ ဖြစ်တယ်၊ လက်နက်ကိုင်ပြီး ကျေးရွာနေ ပြည်သူတို့ကို ဒုက္ခပေးနေတာဖြစ်လို့ ရှင်းလင်းရခြင်း ဖြစ်ပါတယ်"ဟု ပြောသည်။

ပစ်ခတ် ရှင်းလင်းခံရသည့် ပျူစောထီး အဖွဲ့ဝင် သုံးဦးထံမှ လက်လုပ် ဘော်ကာ တစ်လက်၊ ကျည် သုံးထောင့်၊ ဖုန်း နှစ်လုံး၊ ဆိုင်ကယ် တစ်စီး၊ ပျူစာရင်း စာအုပ် တစ်အုပ်၊ ယာဥ်မောင်း လိုင်စင် ၊ ငွေ ၆၃,၈၀၀ ကျပ် အပါဝင် အရေးကြီး စာရွက် စာတမ်းများနှင့် ပစ္စည်းတစ်ချို့ကို PDF ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ပျူစောထီးအဖွဲ့

#LLPDF

#လောင်းလုံးမြို့

#တနင်္သာရီတိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly