သီတင်း ၂ ပတ်အတွင်း ရုရှစစ်တပ်အတွက် စစ်မှုထမ်းရန် လူ ၂၀၀,၀၀၀ ကျော် စုဆောင်းထားနိုင်ဟု ကာကွယ်ရေးဝန်ကြီး ပြော

သီတင်း ၂ ပတ်အတွင်း ရုရှစစ်တပ်အတွက် စစ်မှုထမ်းရန် လူ ၂၀၀,၀၀၀ ကျော် စုဆောင်းထားနိုင်ဟု ကာကွယ်ရေးဝန်ကြီး ပြော

အောက်တိုဘာလ ၄ ရက်      

ရုရှသမ္မတ ဗလာဒီမာ ပူတင်က စစ်သားသစ် စုဆောင်းသည့် စစ်မှုထမ်းဆင့်ခေါ်မှု ညွှန်ကြားချက်တစ်ရပ်ကို စက်တင်ဘာ ၂၁ ရက်က ထုတ်ပြန်ကြေညာပြီးနောက် ယခုအခါ သီတင်းပတ်နှစ်ပတ်အတွင်း လူ ၂၀၀,၀၀၀ ကျော်ကို စစ်တပ်ထဲ စစ်မှုထမ်းစေရန် ဆင့်ခေါ်စုဆောင်းထားပြီးပြီ ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူက အောက်တိုဘာ ၄ ရက်တွင် ပြောသည်။

“ဒီနေ့အထိဆိုရင် လူနှစ်သိန်းကျော်ဟာ စစ်တပ်ထဲ ဝင်ရောက်ထားခဲ့ပြီ ဖြစ်ပါတယ်” ဟု ရွှိုင်ဂူက အစည်းအဝေးတစ်ခုတွင် ပြောကြောင်း ရုရှသတင်းအေဂျင်စီများက ဖော်ပြသည်။

ရုရှ၏ စစ်သားသစ် စုဆောင်းမှု လုပ်ငန်းစဉ်က ယူကရိန်းရှိ မော်စကိုတပ်ဖွဲ့များကို ထောက်ကူရန် ရည်ရွယ်သည်။

သမ္မတ ပူတင် ကြေညာထားသော အဆိုပါ လုပ်ငန်းစဉ်တွင် ရုရှစစ်တပ်အတွက် စစ်သားသစ် ၃၀၀,၀၀၀ အထိ ဆင့်ခေါ်စုဆောင်းရန် ရည်မှန်းထားသည်။

 

(ကိုလူအေး ဘာသာပြန်သည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly