ဒေါင်းလုလင် LPDFမှ တာဝေးပစ်ရှော့တိုက်ဒုံးနှင့် ၆၀မမ စိန်ပြောင်းများ ထုတ်လုပ်အောင်မြင်

ဒေါင်းလုလင် LPDFမှ တာဝေးပစ်ရှော့တိုက်ဒုံးနှင့် ၆၀မမ စိန်ပြောင်းများ ထုတ်လုပ်အောင်မြင်

အောက်တိုဘာလ ၄ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် လှုပ်ရှားနေသည့် ဒေါင်းလုလင်- LPDF မှ တာဝေးပစ်ရှော့တိုက်ဒုံးများ၊ ၆၀ မမစိန်ပြောင်းများအပြင် တစ်ခြားသေနတ်များအား ထုတ်လုပ်အောင်မြင်နေပြီဖြစ်ကြောင်း သိရသည်။

“တာဝေးပစ်ရှော့တိုက်ဒုံးနဲ့ ၆၀မမကို အဓိကထားထုတ်လုပ်ပါတယ်ဗျ။ တာဝေးပစ်ရှော့တိုက်ဒုံးတွေ၊ ၆၀မမစိန်ပြောင်းတွေ၊ ၇ ဒသမ ၆၂ကျည်နဲ့ပစ်ရတဲ့သနတ်တွေ၊ အိန္ဒိယကျည်နဲ့ပစ်လို့ရတဲ့ သေနတ်တွေ ထုတ်လုပ်ထားပါတယ်။ အရေအတွက်အနေနဲ့ကတော့ ကျွန်တော်တို့ထုတ်လိုက် မစ်ရှင်ဖော်လိုက်ဆိုတော့ အတိအကျပြောလို့မရဘူးဗျ။” ဟု ဒေါင်းလုလင်-LPDF မှ တာဝန်ရှိသူ ဗိုလ်ကျားကြီးက ပြောသည်။

လက်နက်ထုတ်လုပ်ရာတွင် တာဝေးပစ်ရှော့တိုက်ဒုံးအဖူး တစ်ဖူးကို ကုန်ကျစရိတ် တစ်သိန်းကျပ်၊ ၆၀မမအဖူးတစ်ဖူးကို ကုန်ကျစရိတ် ငါးသောင်းကျပ်ခန့် ကုန်ကျကြောင်း သိရသည်။

ထုတ်လုပ်ရန် နည်းပညာများကို YouTube, google နှင့် MODဘက်မှလည်း နည်းပညာအထောက်အပံ့ရကြောင်း ၊ PSPTမှ ကိုvictorဆီမှလည်း နည်းပညာများရယူခဲ့သည်ဟု ဆိုသည်။

ယခုကဲ့သို့ လက်နက်ထုတ်လုပ်ရာတွင် တာဝေးပစ်ရှော့တိုက်ဒုံးများကို ၁၀ရက်နေရင် ငါးဖူးထုတ်ပြီးစီးနိုင်ကြောင်းနှင့် ၆၀ မမ အမျိုးအစားမှာတစ်ရက်လျှင်အဖူး နှစ်ဆယ်ခန့်ကို ထုတ်လုပ်ပြီးစီးနိုင်ကြောင်းလည်း ဗိုလ်ကျားကြီးထံမှ သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူပြီး ဆောင်ရွက်နေသည့် ဒေါင်းလုလင် - LPDF အနေဖြင့်လည်း ရှေ့ဆက်တွင် လက်နက်များထပ်မံ ထုတ်လုပ်ရမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့်လည်း တတ်နိုင်သည့်ဘက်မှ ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly