မြန်မာစစ်လက်နက်ပွဲစားများအား ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ရန်လို။

မြန်မာစစ်လက်နက်ပွဲစားများအား ဒဏ်ခတ်ပိတ်ဆို့မှုများ ချက်ချင်းချမှတ်ရန်လို။

မြန်မာနိုင်ငံအပေါ် အီးယူရဲ့ နောက်ဆုံးအသုတ်ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့တာ ခုနှစ်လကျော်ကြာမြင့်လာခဲ့ချိန်မှာ တရားမဝင်စစ်ကောင်စီရဲ့ အကြမ်းဖက်စစ်ဆင်ရေးကလည်း အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှုတွေ၊ ဗုံးကြဲတိုက်ခိုက်တာတွေ၊ နိုင်ငံရေးအကျဉ်းသားတွေကိုသေဒဏ်ချကွပ်မျက်တာတွေ၊ ကျောင်းနေကလေးသူငယ်တွေကို သတ်ဖြတ်တာတွေနဲ့ ပိုပြီးပြင်းထန်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အနည်းဆုံးကျောင်းနေကလေးသူငယ် ၁၁ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ အဲ့ဒါဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း တိုက်ခိုက်မှုတစ်ခုအတွင်း ကလေးသူငယ်သေဆုံးခဲ့မှု အရေအတွက်အများဆုံးမှတ်တမ်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required