တိုက်ပွဲဝင်နေသည့် ရဲဘော်များအတွက်ရိုးရာဓလေ့ မင်္ဂလာချည် ပေးခြင်းနှင့် ဆုတောင်းပွဲကျင်းပ

တိုက်ပွဲဝင်နေသည့် ရဲဘော်များအတွက်ရိုးရာဓလေ့ မင်္ဂလာချည် ပေးခြင်းနှင့် ဆုတောင်းပွဲကျင်းပ

အောက်တိုဘာလ ၄ ရက်

ကရင်နီပြည်နယ် တစ်နေရာတွင် စစ်အာဏာရှင်ကို ခုခံတိုက်ခိုက်ရင်း ရှေ့တန်းထွက်နေရသည့် ရဲဘော်များအတွက် ယနေ့ အောက်တိုဘာ ၃ ရက် နံနက် ၉ နာရီအချိန်က ရိုးရာဓလေ့ မင်္ဂလာချည်ပေးခြင်းနှင့် စုပေါင်းဆုတောင်းပွဲကို မိုးဗြဲ PDF တပ်ရင်း (၂)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုနောက် ဓလေ့ရိုးရာ ချည်ပေးအပ်ရာတွင် ရွာခုနစ်ရွာရှိ သက်ကြီးရွယ်အို ခုနစ်ယောက်ကို ပင့်ဆောင်ကာ ရဲဘော်များ ဘေးအန္တာရာယ် ကင်းဝေးလုံခြုံစေရန်နှင့် တိုက်ပွဲများ အောင်မြင်ခြင်း အသီးပွင့်များ ရရှိရန်အတွက် ကောင်းချည်းမင်္ဂလာ သြဝါဒစကားများ မိန့်ကြားကာ ချည်ပေးအပ်ခြင်း အခမ်းအနား အစီအစဥ်များကိုလည်း ပြုလုပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးဗြဲ PDF တပ်ရင်း(၂)အနေဖြင့် စစ်အာဏာရှင်ကို ချေမှုန်းရာတွင် ခေတ်သစ် နည်းစနစ်ပညာများကို အသုံးပြု တိုက်ပွဲဝင်သကဲ့သို့ ဘိုးဘွားမျာ၏ ရှေးထုံးရိုးရာဓလေ့များကို မပယ်ဘဲ ထိန်းသိမ်းတန်ဖိုးထားကာ တိုက်ပွဲဝင်သည့်အပြင် စစ်အာဏာရှင်ကို အဆုံးတိုင်ချေးမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း မိုးဗြဲ PDF တပ်ရင်း (၂) က ထုတ်ပြန်ထားသည်။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly