လိုင်ဇာ FM ၁၀ နှစ်ပြည့် အခမ်းအနားပြုလုပ်

လိုင်ဇာ FM ၁၀ နှစ်ပြည့် အခမ်းအနားပြုလုပ်

အောက်တိုဘာလ ၄ ရက်

ကေအိုင်အိုအစိုးရ၏ သတင်းနှင့် ပြန်ကြားရေးဌာနအောက်ရှိ ရေဒီယို (လိုင်ဇာ FM) သတင်းဌာနစိတ်၏ အောက်တိုဘာလ ၃ရက်နေ့က ဆယ်နှစ်ပြည့်အခမ်းအနားကို လိုင်ဇာမြို့မှာ ပြုလုပ်ခဲ့ကြောင်း ကေအိုင်အိုအစိုးရပြန်ကြားရေးဌာနက သိရသည်။

ထိုအခမ်းအနားကို ကေအိုင်အိုဒုဥက္ကဋ္ဌ (၁) ဗိုလ်ချုပ် ဆွမ်လွတ်ဂွမ်မော်နှင့် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ တို့အပြင် ကော်မတီဝင်များ၊ အမှုထမ်း အရာထမ်းများပါ တက်ရောက်ခဲ့ကြသည်။

ကေအိုင်အိုအစိုးရက ကချင်လူထုထံ သတင်းစကားများပြန်ကြားခြင်း အစီအစဥ်အစိတ်အပိုင်းတစ်ခုအဖြစ် ရေဒီယိုအသံလှိုင်းထုတ်လွှင့်ခြင်းကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့၌ ကချင်ဘာသာများဖြင့် စတင်ထုတ်လွှင့်ခဲ့ခြင်း ဖြစ်သည်။

ကေအိုင်အိုအစိုးရ၏ သတင်းနှင့်ပြန်ကြားရေးပြောရေးဆိုခွင့်ရှိ ဗိုလ်မှူးကြီးနော်ဘူမှ တာဝန်ခံအဖြစ် တိုက်ရိုက်အုပ်ချုပ်နေသော သတင်းနှင့်ပြန်ကြား ရေးဌာနအောက်တွင် ရေဒီယိုအသံလွှင့်ခြင်းအပြင် ရုပ်သံ(လိုင်ဇာTV)ထုတ်လွှင့်ခြင်းများကို ကချင်ဘာသာစကားများအပြင် ဗမာစကားဖြင့် ထုတ်လွှင့်ခြင်းကိုပါ ပြုလုပ်လျက်ရှိသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly