ဘဏ္ဍာရေး အကျပ်အတည်းနှင့် ကြုံနေရသော်လည်း ပါကစ္စတန် ပန်ဂျပ်ပြည်နယ်အာဏာပိုင်တို့က အစိုးရအဖွဲ့ သုံးရန် ဇိမ်ခံကားများ ဝယ်ယူမည်

ဘဏ္ဍာရေး အကျပ်အတည်းနှင့် ကြုံနေရသော်လည်း ပါကစ္စတန် ပန်ဂျပ်ပြည်နယ်အာဏာပိုင်တို့က အစိုးရအဖွဲ့ သုံးရန် ဇိမ်ခံကားများ ဝယ်ယူမည်

ပါကစ္စတန်နိုင်ငံတွင် ရေကြီးမှု၊ စားနပ်ရိက္ခာ အကျပ်အတည်း၊ အလုပ်လက်မဲ့ ဖြစ်မှု၊ ဆင်းရဲမွဲတေမှုနှင့် ငွေကြေးဖောင်းပွမှုတို့ကို ရင်ဆိုင်နေရစဉ် ပန်ဂျပ်ပြည်နယ်အစိုးရက ၎င်းတို့ ပြည်နယ်အစိုးရ အမှုထမ်းများနှင့် အရာရှိများအတွက် အထူးအဆင့်အတန်း၊ ဇိမ်ခံကား ၁၃၃ စီး ဝယ်ယူရန် ရူပီး ၁ ဒသမ ၃၃ ဘီလီယံကို အတည်ပြုခဲ့သည်။

ပန်ဂျပ်ပြည်နယ်ဝန်ကြီးချုပ် ချောက်ဟ်ရီ ပါဗေ့ဇ် အီလာဟီ ဥက္ကဋ္ဌအဖြစ် ကြီးမှူးပြုလုပ်သည့် အစည်းအဝေးတွင် အဆိုပါကားများ ဝယ်ယူမှုကိစ္စကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ပန်ဂျပ်ပြည်နယ်အစိုးရအနေဖြင့် Toyota Fortuner ကား ၄၄ စီး၊ Toyota Corolla Grande ၃၃ စီး၊ Toyota Corolla ၁၂ စီးနှင့် Hilux Vigo ၄၄ စီးတို့ကို ဝယ်ယူမည်ဖြစ်ကြောင်း Daily Times မီဒီယာက ဖော်ပြသည်။

ထိုကားများကို ပြည်နယ်ဝန်ကြီးချုပ် ပါဗေ့ဇ် အီလာဟီအပြင် ဝန်ကြီးချုပ်ရုံး ဝန်ထမ်းများနှင့် အခြားအစိုးရအရာရှိများ အသုံးပြုသွားမည် ဖြစ်ကြောင်း ပန်ဂျပ်ပြည်နယ်အစိုးရ၏ တရားဝင် စာရွက်စာတမ်းများက ဖော်ပြသည်။

Toyota Fortuner ကားများကို စီမံခန့်ခွဲရေးနှင့် အစိုးရအဆင့် အခမ်းအနားတာဝန်များအတွက် အသုံးပြုသွားမည် ဖြစ်ပြီး ထိုကားများ ဝယ်ယူမှုအတွက် များပြားသည့် အပိုဆောင်း ခွင့်ပြုအတည်ပြုချက်ကို ထုတ်ပေးထားခဲ့သည်။

အံ့အားသင့်စရာအဖြစ် အဆိုပါ ကားများ ဝယ်ယူမှုကိစ္စကို ခြိးခြံချွေတာရေးကော်မတီထံ တင်ပြရမည် ဖြစ်သော် လည်း ပန်ဂျပ်ပြည်နယ်အစိုးရက အဆိုပါကိစ္စကို ခြိုးခြံချွေတာရေးဆိုင်ရာ ကော်မတီထံ တင်ပြခြင်းမပြုရန် ညွှန်ကြားခဲ့ကြောင်း Daily Times က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required