တရုတ်အမျိုးသားနေ့တွင်ထိုင်ဝမ်၌ အလံလွှင့်တင်ခြင်းများ အလံမီးရှို့ခြင်းများ ပြုလုပ်

တရုတ်အမျိုးသားနေ့တွင်ထိုင်ဝမ်၌ အလံလွှင့်တင်ခြင်းများ အလံမီးရှို့ခြင်းများ ပြုလုပ်

တရုတ်နှင့်ဆက်ဆံရေးနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်း၍မရနိုင်သော အုပ်စုငယ် နှစ်စုသည် တရုတ်အမျိုးသားနေ့ဖြစ်သော အောက်တိုဘာလ ၁ ရက်တွင် အလံလွှင့်တင်ခြင်းများနှင့် အလံမီးရှို့ခြင်းများဖြင့် အထိမ်းအမှတ်ပွဲကျင်းပနေကြကာ ထိုင်ဝမ်ရေလက်ကြားအရေး တင်းမာမှုများမြင့်တက်လာချိန်တွင် ဆန့်ကျင် ဘက် လုပ်ရပ်များဖြင့် တုံ့ပြန်လျက်ရှိသည်။

မော်စီတုံးသည် တခြားသူများကို အသိအမှတ်မပြုဘဲ၁၉၄၉ ခုနှစ်အောက်တိုဘာ ၁ ရက်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထူထောင်ကြောင်း ကြေညာခဲ့ပြီး ထိုစဉ်က ရှုံးနိမ့်သွားသော တရုတ်အစိုးရသည် နှစ်ကုန်ပိုင်းတွင် ထိုင်ဝမ်သို့ ထွက်ပြေးခဲ့သည်။

ဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်သော ထိုင်ဝမ်တွင် တရုတ်အမျိုးသားနေ့ကို တရားဝင် အသိအမှတ်ပြုခြင်းမရှိဘဲ တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) တည်ထောင်သည့် အောက်တိုဘာ ၁၀ ရက်တွင်သာ အမျိုးသားနေ့ကို ကျင်းပသည်။

တောင်ပိုင်း တိန်နန်မြို့ ကျေးလက်ဒေသတွင် ထိုင်ဝမ်ကွန်မြူနစ်ပါတီသည် အသက်ကြီးပိုင်းအများစုပါသော လူ ၂၀၀ ခန့်နှင့် စုဝေးခဲ့ပြီး ‘တရုတ်ပိုင်နက်၏ ကြီးမြတ်သောအစိတ်အပိုင်း’ဟု ရေးထားသော နိုင်ငံ့အလံကို လွှင့်တင် ခဲ့ကြသည်ဟု သတင်းတွင်ဖော်ပြထားသည်။

အခြားတစ်ဖက်တွင်မူ ထိုင်ဝမ်လွတ်လပ်ရေးကိုထောက်ခံသော နိုင်ငံတည်ဆောက်ရေးပါတီက ဩဂုတ်လက တရုတ်စစ်ရေးလေ့ကျင့်ခဲ့သော ထိုင်ဝမ်ကမ်းရိုးတန်းအလွန်၌ လှေတစ်စင်းပေါ်တွင် တရုတ်အလံကို မီးရှို့ကာ ‘ထိုင်ဝမ်ကို သေတဲ့အထိကာကွယ်မယ်’ ဟု အောက်တိုဘာ ၁ ရက်က အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။

ပါတီဥက္ကဋ္ဌ ချန်ရီချီက ထိုင်ဝမ်ရေလက်ကြား၌ လှေတစ်စင်းပေါ်တွင် အလံကို မီးရှို့ခြင်းသည် ရန်စခြင်း မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်အစိုးရ၏ အပြင်းအထန်ကန့်ကွက်မှုများရှိနေသည့်ကြား တရုတ်သည် ထိုင်ဝမ်အား တရုတ်နိုင်ငံ၏ အစိတ်အပိုင်းအဖြစ် မှတ်ယူထားသလို ထိုင်ဝမ်ကလည်း ၎င်းပြည်သူများနှင့်ပတ်သက်၍ တရုတ်တွင် ပြောဆိုခွင့် စောဒကတက်ခွင့်မရှိကြောင်း ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly