တရုတ်နှင့် တည်ဆောက်မည့် ရထားလမ်းစီမံကိန်းကို နီပေါတွင် ထောက်ခံသူ အနည်းငယ်သာရှိ

တရုတ်နှင့် တည်ဆောက်မည့် ရထားလမ်းစီမံကိန်းကို နီပေါတွင် ထောက်ခံသူ အနည်းငယ်သာရှိ

ကုန်းတွင်းပိတ်နီပေါနိုင်ငံတွင် တရုတ်၏ရည်မှန်းချက်ကြီးသော မီးရထားလမ်းဖောက်လုပ်ခြင်းနှင့် ပတ်သက်၍ စီမံကိန်းကိုထောက်ခံသူအနည်းငယ်သာရှိသည်။

တရုတ်က ၁၇၀ကီလိုမီတာရှည်သောဟိမဝန္တာဖြတ်ကျော်တိဗက်-နီပေါရထားလမ်းအတွက် ဖြစ်နိုင်ခြေလေ့လာမှုကို စတင်ရန်စီစဉ်နေသော်လည်း သဘာဝပတ်ဝန်းကျင်နှင့်နည်းပညာဆိုင်ရာမေးခွန်းများ ရှိနေဆဲဖြစ်သည်။

နီပေါမှကျွမ်းကျင်ပညာရှင်များကယင်းကိစ္စအတွက်စိုးရိမ်ပူပန်ကြောင်းEye of Nepal ကဖော်ပြခဲ့သည်။

ထို့ပြင်ပိတ်ဆို့ထားသောနီပေါ-တရုတ်မီးရထားလိုင်းနှင့်ပတ်သက်၍အငြင်းပွားမှုမှာ မပြေလည်သေးပေ။ 

အဆိုပြုထားသောမီးရထားလိုင်းသည်နီပေါကိုအသွင်ပြောင်းလဲလိမ့်မည်ဟု၂၀၁၉ခုနှစ်တွင်တရုတ်သမ္မတရှီကျင့် ဖျင်က ပြောကြားခဲ့သည်။

၃နှစ်ကြာသွားပြီဖြစ်သော်လည်းယင်းစီမံကိန်းကိုနီပေါခေါင်းဆောင်များ၊အင်ဂျင်နီယာများသို့မဟုတ်သဘာဝ 
ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများကမထောက်ခံသေးကြောင်းEye of Nepal ကဖော်ပြခဲ့သည်။

၂၀၁၈နှစ်ကုန်ခါနီးတွင် တရုတ်က နီပေါရထားလမ်း၏ ဖြစ်နိုင်ခြေအကြိုလေ့လာမှုကို ပြုလုပ်ခဲ့ပြီး မြေမျက်နှာသွင်ပြင်ကြောင့် အလွန်ခက်ခဲသော စီမံကိန်းဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။

ရင်းနှီးမြှုပ်နှံမှုအတွက် ၇၂ဒသမ၅ကီလိုမီတာအပိုင်းတွင်  အမေရိကန်ဒေါ်လာ၂ဒသမ၇၅ဘီလီယံ သုံးစွဲမည်ဟု ကံမကောင်းစွာဖြင့်လေ့လာမှုအစီရင်ခံစာကိုလူသိရှင်ကြားမထုတ်ပြန်ရသေးကြောင်းEye of Nepal ကဖော်ပြခဲ့သည်။

ရလဒ်အနေဖြင့်နီပေါတွင်အဆိုပြုထားသောမီးရထားလမ်းဖြစ်နိုင်ခြေနှင့်ပတ်သက်၍သံသယများ ပေါ်ပေါက်လာခဲ့သည်။ 

နီပေါမီးရထားမှအေမန်ချီထရာခါက ယင်းစီမံကိန်းသည် ဖြစ်နိုင်ရန်အလွန်ခက်ခဲမည်ဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly