ဟောင်ကောင်တွင် အသက်၉၀အရွယ်ကာဒီနယ်ကို အမျိုးသားလုံခြုံရေးဥပဒေဖြင့် ရုံးတင်စစ်ဆေး

ဟောင်ကောင်တွင် အသက်၉၀အရွယ်ကာဒီနယ်ကို အမျိုးသားလုံခြုံရေးဥပဒေဖြင့် ရုံးတင်စစ်ဆေး

ဟောင်ကောင်ထောက်ခံသူများကြားတွင် "ဟောင်ကောင်၏အသိစိတ်" ဟု လူသိများသောအသက်၉၀အရွယ်ရှိ ဟောင်ကောင်ဘုန်းတော်ကြီးဟောင်းကာဒီနယ်ဂျိုးဇက်ဇင်အားအမျိုးသားလုံခြုံရေးဥပဒေဖြင့် စက်တင်ဘာ၂၆ရက်တွင်ရုံးတင်စစ်ဆေးလိုက်သည်။

အာရှ၏အကြီးတန်းကက်သလစ်ဘာသာရေးဆရာများထဲမှတစ်ဦးဖြစ်သည့်ဇန်သည်နာမည်ကျော်ကန်တုံပေါ့အဆိုတော်ဒင်းနစ်ဟိုအပါအဝင်အခြားသောဒီမိုကရေစီတက်ကြွလှုပ်ရှားသူ၃ဦးနှင့်အတူမေလတွင်ဟောင်ကောင်အမျိုးသား လုံခြုံရေးရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းခံခဲ့ရကြောင်းCNN သတင်းဌာနက ဖော်ပြခဲ့သည်။

ဆန္ဒပြရန်ပုံငွေအဖွဲ့၏အကျိုးတော်ဆောင်၄ဦးအား“နိုင်ငံခြားအင်အားစုများနှင့်ပူးပေါင်းဆောင်ရွက်ခြင်း”ဟူသောသံသယဖြင့်ကနဦးတွင်ဖမ်းဆီးခံခဲ့ရပြီး အမြင့်ဆုံးထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်သည့် အမျိုးသား လုံခြုံရေးဥပဒေဖြင့်စွဲချက်တင်ခံထားရသည်။

၂၀၁၉ခုနှစ်ဟောင်ကောင်တွင်ဒီမိုကရေစီလိုလားသည်ဆန္ဒပြပွဲများအတွက်ကယ်ဆယ်ရေးရန်ပုံငွေကောက်ခံမှုတွင်ပါဝင်ခဲ့သည့်အတွက်၎င်းကိုတရားစွဲဆိုထားကြောင်းCNN ကဖော်ပြခဲ့သည်။

ဖမ်းဆီးခံနေရသောဆန္ဒပြသူများအားတရားဥပဒေနှင့်ဆေးဘက်ဆိုင်ရာအတွက်ငွေကြေးအကူအညီပေးရန်၂၀၁၉ခုနှစ်ဇွန်လတွင်တည်ထောင်ထားသည့်၆၁၂လူသားချင်းစာနာထောက်ထားမှုကယ်ဆယ်ရေးရန်ပုံငွေအဖွဲ့ကိုစာရင်းသွင်းရန်ပျက်ကွက်မှုဖြင့်နာမည်ကျော်ကန်တုံပေါ့အဆိုတော်ဒင်းနစ်ဟိုနှင့်အတူစွဲချက်တင်ခံခဲ့ရသည်။

အမျိုးသားလုံခြုံရေးရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုအပြီးတွင် အဆိုပါရန်ပုံငွေအဖွဲ့ကို၂၀၂၁ခုနှစ်က ရပ်ဆိုင်းခဲ့သည်။

ရာစုနှစ်တစ်ခုကြာသက်တမ်းရှိကိုလိုနီခေတ်ဥပဒေအရစွဲချက်တင်ပါကဒဏ်ငွေဟောင်ကောင်ဒေါ်လာ၁၀ဝ၀ဝ (ဒေါ်လာ၁၂၇၄) အထိပေးဆောင်ရသော်လည်းထောင်မကျနိုင်ပေ။ အားလုံးကအပြစ်မရှိကြောင်း လျှောက်ထားခဲ့သည်။

တရုတ်တွင်ဂိုဏ်းအုပ်များခန့်အပ်ခြင်းနှင့်ပတ်သက်၍တရုတ်အစိုးရနှင့်အငြင်းပွားဖွယ်သဘောတူညီချက်တစ်ရပ်ကို သက်တမ်းတိုးရန်ပြင်ဆင်နေသည့် ဗာတီကန်အတွက်အကဲဆတ်သည့် အချိန်ရောက်လာချိန်တွင် ဇန်ကိုအမှုစစ်ဆေးသည့်ကိစ္စဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းCNN ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required