တရုတ်နိုင်ငံတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ရပ်တန့်စေရန် လုပ်ဆောင်မှုတွင် ဂျပန်က ကတိမပြုခြင်းထက် ပိုမိုသောလုပ်ရပ်များကိုလုပ်ဆောင်ရန် လိုအပ်သည်ဟု အဝေးရောက် အကြီးမားဆုံး ဝီဂါလူမျိုးစုအဖွဲ့ခေါင်းဆောင်က စက်တင်ဘာ ၃၀ ရက်တွင် တိုကျို၌ ပြောကြားလိုက်သည်။
ကမ္ဘာ့ဝီဂါကွန်ဂရက်ဥက္ကဌ ဒေါ်လ်ကန်အီစာက ပါလီမန်အမတ်များနှင့် တွေ့ဆုံရန် ဂျပန်နိုင်ငံသို့ လာရောက်ခဲ့ပြီး ဝီဂါနှင့် အခြားမွတ်စလင်များအပေါ် တရုတ်၏ ပြုဆက်ဆံပုံနှင့်ပတ်သက်၍ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ ဆွေးနွေးပွဲတွင် ပါဝင်ရန် ဂျပန်အစိုးရအား တိုက်တွန်းခဲ့သည်။
ဂျပန်ပါလီမန်သည် ဝီဂါလူမျိုးတုံးသတ်ဖြတ်မှုတွင် ပိုမိုတက်ကြွစွာဟန့်တားရေးအတွက် တာဝန့်ရှိကြောင်းလည်း ဒေါ်လ်ကန်အီစာက ပြောကြားခဲ့သည်။
တရုတ်သည် အနောက်ဘက်စွန်း ရှင်ကျန်းဒေသတွင် အခြေစိုက်သည့် မွတ်စလင်အများစုပါဝင်သော ဝီဂါလူမျိုး များအပေါ် ညှင်းပန်းနှိပ်စက်မှုကို ငြင်းဆိုထားပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး၏ မှားယွင်းသော တွေ့ရှိချက်များ အား တန်ပြန်ရန် ဂျီနီဗာသို့ အစိုးရကိုယ်စားလှယ်အဖွဲ့ စေလွှတ်ထားသည်။
အီစာက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ယင်းပြဿနာအား ဆွေးနွေးရန်အဆိုပြုချက်အတွက် အမေရိကန်၊ ဗြိတိန်နှင့် အခြားနိုင်ငံများ၏ ထောက်ခံမှုရရေး ၎င်း၏ဂျာမန်အခြေစိုက် ကမ္ဘာ့ဝီဂါကွန်ဂရက်အဖွဲ့သည် ကမ္ဘာတစ်ဝန်းတွင် လှုံ့ဆော်နေကြောင်း ပြောသည်။
သဘောထားကွဲလွဲလွန်းသော ဂျီနီဗာကောင်စီတွင် မဲအများစုရရန်လိုအပ်သည့် အဆိုပါအဆိုပြုချက်သည် ၁၆ နှစ်တာသမိုင်းတစ်လျှောက်၌ တရုတ်နိုင်ငံ၏ ညှင်းပန်းနှိပ်စက်မှုအကြောင်း ကုလသမဂ္ဂအခွင့်အရေးအဖွဲ့၏ အစီအစဉ်တွင် ပထမဆုံး ပါဝင်လာမည်ဖြစ်သည်။
ရှင်ကျန်းတွင် ကျူးလွန်ထားသော ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်နိုင်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ပြီးခဲ့သည့်လ အစီရင်ခံစာတွင် ဖော်ပြခဲ့ပြီး ၎င်းတွေ့ရှိချက်ကို တရုတ်နိုင်ငံက ပယ်ချခဲ့သည်။