အိန္ဒိယသမုဒ္ဒရာဒေသတွင်လုံခြုံရေးရည်မှန်းချက်များအောင်မြင်ရန်  ဖိအားပေးသည့်စီးပွားရေး နည်းလမ်းများကို တရုတ်က အသုံးပြုနေ

အိန္ဒိယသမုဒ္ဒရာဒေသတွင်လုံခြုံရေးရည်မှန်းချက်များအောင်မြင်ရန်  ဖိအားပေးသည့်စီးပွားရေး နည်းလမ်းများကို တရုတ်က အသုံးပြုနေ

တရုတ်က နိုင်ငံတကာဥပဒေများကို လိုက်နာခြင်းမရှိဘဲ နိုင်ငံရပ်ခြားစစ်အခြေစိုက်စခန်းများ တည်ထောင်ရာတွင် ပွင့်လင်းမြင်သာမှုမရှိသည့်အပြင် အိန္ဒိယသမုဒ္ဒရာဒေသ (IOR) တွင်လုံခြုံရေးရည်မှန်းချက်များအောင်မြင်ရန် အတင်းအကျပ်ဖိအားပေးသည့် စီးပွားရေးနည်းလမ်းများကို အသုံးပြုနေကြောင်း အမေရိကန်အကြီးတန်း ကာကွယ်ရေး အရာရှိတစ်ဦးက ပြောကြားလိုက်သည်။

"ကျွန်တော်တို့ရဲ့စိုးရိမ်ပူပန်မှုတွေကIOR မှာ တရုတ်ရေတပ်အင်အားကြီးထွားလာနေရုံမကဘဲယင်းရဲ့တည်ရှိမှုကို ဘယ်လိုဖော်ပြမလဲဆိုတာနဲ့ ရည်ရွယ်ချက်တွေကဘာတွေလဲ... အခြားနေရာတွေမှာတွေ့ခဲ့ရသလိုပဲ သူ့အပြုအမူပုံစံကို ကျွန်တော်တို့ စတင်တွေ့မြင်နေရပါပြီ" ဟုအင်ဒို-ပစိဖိတ်လုံခြုံရေးဆိုင်ရာ အမေရိကန်လက်ထောက်ကာကွယ်ရေးဝန်ကြီးကအွန်လိုင်းမီဒီယာသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

အကျိုးဆက်အနေဖြင့်လွတ်လပ်ပွင့်လင်းသောIOR နှင့်ပိုမိုကျယ်ပြန့်သောအင်ဒို-ပစိဖိတ်ဒေသဖြစ်ရေး အမေရိကန်၏မျှော်မှန်းချက်အတွက်အိန္ဒိယ-အမေရိကန် မဟာဗျူဟာကာကွယ်ရေး မိတ်ဖက်ဆက်ဆံရေး သည်“ဗဟိုချက်”ဖြစ်လာနေသည်။

“လမ်းတစ်လျှောက်မှာအဖုအထစ်တွေရှိနိုင်ပေမဲ့အနာဂတ်မှာကျွန်တော်တို့ရဲ့မိတ်ဖက်ဆက်ဆံရေးကိုတည်ဆောက်ပြီး အင်ဒို-ပစိဖိတ်ဒေသအတွင်း အခွင့်သာတဲ့ပါဝါချိန်ခွင်လျှာကိုပုံဖော်နိုင်ဖို့အိန္ဒိယရဲ့ စွမ်းဆောင်နိုင်မှုကို ပံ့ပိုးပေးတဲ့ အချိန်ကြာမဲ့ကစားပွဲကိုကျွန်တော်တို့တကယ်ပဲအာရုံစိုက်နေပါတယ်”ဟု၎င်းကပြောကြားခဲ့သည်။

 ကမ္ဘာ့အကြီးဆုံးရေတပ်ကိုစစ်သင်္ဘောများနှင့် ရေငုပ်သင်္ဘောများ၃၅၅စင်းဖြင့်အင်အားဖြည့်တင်းကာ တရုတ်က ဂျီဘူဒီတွင်အင်အားအပြည့်ဖြင့်ပင်လယ်ရပ်ခြားအခြေစိုက်စခန်းတစ်ခုကိုထူထောင်ပြီးနောက်IOR၊ကမ္ဘောဒီးယား၊ ဆေးရှဲလ်နှင့်မော်ရေးသျှမှအာဖရိကအရှေ့ပိုင်းနိုင်ငံများအထိထောက်ပံ့ပို့ဆောင်ရေးအခြေစိုက်စခန်းများထူထောင်ရန် တရုတ်ကအရှိန်မြှင့် လုပ်ဆောင်လိုက်ကြောင်းအစောပိုင်းတွင်TOI မှဖော်ပြခဲ့သည်။

 တရုတ်၏သုတေသနနှင့်အာကာသခြေရာခံသင်္ဘောYuan Wang-5သည်သြဂုတ်လကဟန်ဘန်တိုတာတွင် ဆိုက်ကပ်သည့်အခါ တရုတ်က ကြွေးမြီထောင်ချောက်မူဝါဒကို ကျွမ်းကျင်စွာ အသုံးချမှုကို ထင်ထင်ရှားရှားတွေ့ခဲ့ရသည်။

 တရုတ်ကပါကစ္စတန်၏ကရာချိနှင့်ဂွါဒါဆိပ်ကမ်းများကိုလည်းအပြည့်အဝအသုံးချနေသည်။

 အိန္ဒိယအတွက်ပင်တဂွန်၏အဓိကဦးစားပေး အစီအစဉ် ၃ ခုကိုလည်း၎င်းကဖော်ပြခဲ့သည်။

 အိန္ဒိယ၏ စစ်ဘက်ခေတ်မီရေး၊ ဟန့်တားရေးစွမ်းရည်ပံ့ပိုးပေးခြင်းနှင့် လက်နက်စနစ်များ ပူးပေါင်း ထုတ်လုပ်ခြင်းဖြင့် ကာကွယ်ရေးစက်မှုလုပ်ငန်းအင်အားကြီးနိုင်ငံအဖြစ် ထွက်ပေါ်လာစေရေးတို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly