ပါကစ္စတန်၏ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးမည်ဟု  အာရှ ဖွံ့ဖြိုးရေးဘဏ် ခန့်မှန်း

ပါကစ္စတန်၏ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးမည်ဟု  အာရှ ဖွံ့ဖြိုးရေးဘဏ် ခန့်မှန်း

အကြီးအကျယ် ထိခိုက်ပျက်စီးစေသော ရေကြီးမှုများနှင့် မူဝါဒဆိုင်ရာ တင်းကျပ်မှုကဲ့သို့ အကြောင်းရင်းများ ကြောင့် ပါကစ္စတန်၏ စီးပွားရေးသည် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၅ ရာခိုင်နှုန်း နှေးကွေး ကျဆင်းမည်ဖြစ်ကြောင်း အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ အစီရင်ခံစာတွင် ခန့်မှန်းသည်။

စားသုံးသူ ငွေသုံးစွဲမှု ပိုမိုမြင့်တက်ခြင်း၊ အထူးသဖြင့် အကြီးစား ကုန်ထုတ်လုပ်မှု အပါအဝင် စိုက်ပျိုးရေး၊ ဝန်ဆောင်မှုနှင့် စက်မှုကဏ္ဍများတွင် တိုးတက်ခြင်းတို့က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပါကစ္စတန်၏ ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှု (ဂျီဒီပီ)  တိုးတက်မှုကို တွန်းပို့ခဲ့ကြောင်း အာရှ ဖွံ့ဖြိုးရေး အလားအလာ (ADO) ၂၀၂၂ အစီရင်ခံစာတွင် ဖော်ပြသည်။

 သို့သော် ၂၀၂၂-၂၃ ဘဏ္ဍာနှစ်တွင် ရာသီဥတု လှိုင်းထန်လေဆန်မှုများနှင့် ပါကစ္စတန်၏ အတိမ်းအစောင်း မခံသော မူဝါဒဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့်အတူ ယခု ADB ၏ နှိမ့်ချထားသော တိုးတက်မှု ခန့်မှန်းချက် က ဂဏန်းနှစ်လုံး ငွေကြေးဖောင်းပွမှုကို ထင်ဟပ်နေသည်။

ဘဏ္ဍာနှစ်တစ်နှစ်သည် ဇူလိုင် ၁ ရက်တွင် စပြီး ဇွန် ၃၀ ရက်တွင် ကုန်ဆုံးကြောင်း ADB က ပြောသည်။

စီးပွားရေး တည်ငြိမ်စေရန်နှင့် ငွေရေးကြေးရေးဆိုင်ရာနှင့် ပြင်ပဒဏ်ခံနိုင်စွမ်းကို မူလအတိုင်း ရရှိစေရန် ရည်ရွယ်လျက် ပြန်လည်အသက်သွင်းထားသော နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ အစီအစဉ်အောက်တွင် ပြုပြင်ပြောင်းလဲမှုများ ဆက်လက် အကောင်အထည်ဖော်ခြင်းနှင့် နိုင်ငံရေး တည်ငြိမ်မှု ပြန်လည်ရရှိစေခြင်းတို့က စီးပွားရေးအလားအလာကို ပုံဖော်လိမ့်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required