ကိုဗစ်ပိတ်ဆို့မှုများ ဖယ်ရှားပြီးနောက် မြောက်ကိုရီးယားနှင့် တရုတ်နယ်စပ်ဖြတ်ကျော်ကုန်တင်ရထားများ ပြန်လည်ပြေးဆွဲ

ကိုဗစ်ပိတ်ဆို့မှုများ ဖယ်ရှားပြီးနောက် မြောက်ကိုရီးယားနှင့် တရုတ်နယ်စပ်ဖြတ်ကျော်ကုန်တင်ရထားများ ပြန်လည်ပြေးဆွဲ

ကိုဗစ်-၁၉ပျံ့နှံ့မှုကိုထိန်းချုပ်ရန်  ၅လကြာ ဆိုင်းငံ့ထားသည့်  မြောက်ကိုရီးယားနှင့် တရုတ်နိုင်ငံအကြား နယ်စပ်ဖြတ်ကျော် ကုန်တင်ရထားများပြေးဆွဲမှုကို ပြန်လည်စတင်လိုက်ပြီဖြစ်ကြောင်း တရုတ်အစိုးရက စက်တင်ဘာ၂၆ရက်တွင် ပြောကြားလိုက်သည်။

ကပ်ရောဂါကြောင့် ဧပြီလတွင် ရပ်နားထားခဲ့သော နယ်စပ်ဖြတ်ကျော် ကုန်တင်ရထားအသွားအလာများ ပြန်လည်စတင်ရန် တရုတ်နှင့်မြောက်ကိုရီးယားတို့ကဆုံးဖြတ်ခဲ့ကြောင်း တောင်ကိုရီးယား၏ပြောကြားချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကအတည်ပြုခဲ့သည်။

နှစ်ဖက်စလုံးကပူးပေါင်းဆောင်ရွက်မှုကိုဆက်လက်တိုးမြှင့်နေပြီးကုန်စည်ပို့ဆောင်ရေးလုံခြုံတည်ငြိမ်စေရေး အတွက်အသေအချာဆောင်ရွက်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ဝမ်ဝေဘင်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဒန်တုန်မြို့မှ ကုန်တင်ရထားတစ်စင်းသည် တံတားတစ်ခုကိုဖြတ်သန်းပြီး မြောက်ကိုရီးယားနိုင်ငံစီနိုင်ဂျူမြို့သို့  ခုတ်မောင်းသွားကြောင်း တောင်ကိုရီးယားYonhapသတင်းဌာနကဖော်ပြပြီးနောက် ဝန်ကြီးဌာနမှ ယခုကဲ့သို့မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားနှင့်ဆက်ဆံရေးကိုကိုင်တွယ်သည့်တောင်ကိုရီးယားပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက လည်းရထားအသွားအလာများ ပြန်လည်စတင်နေပြီဖြစ်ကြောင်း သတင်းပေးပို့ခဲ့သည်။

တရုတ်နယ်စပ်မြို့ဒန်တုန်တွင်ကိုဗစ်-၁၉ကူးစက်မှုကြောင့်ညှိနှိုင်းမှုများပြုလုပ်ပြီးနောက် ဧပြီ၂၉ရက်ကတည်းက ရထားဖြတ်ကျော်မှုများကို ခေတ္တရပ်ဆိုင်းထားခဲ့သည်။

မကြာသေးမီက ပထမဆုံးကိုဗစ်ဖြစ်ပွားမှုပြီးဆုံးသွားပြီဖြစ်ကြောင်း မြောက်ကိုရီးယားက ကြေညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required