တရုတ်စစ်လေယာဉ်၁၆စင်းနှင့် သင်္ဘော၄စင်းသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်

တရုတ်စစ်လေယာဉ်၁၆စင်းနှင့် သင်္ဘော၄စင်းသည် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက်

တရုတ်စစ်လေယာဉ်၁၆စင်းနှင့်သင်္ဘော၄စင်းသည်ထိုင်ဝမ်ရေလက်ကြားအလယ်တန်းမျဉ်းကို စက်တင်ဘာ၂၄ရက်က ဖြတ်ကျော်ခဲ့ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။

စက်တင်ဘာ၂၄ရက်ညနေ၅နာရီတွင်ထိုင်ဝမ်အနီးနားသို့တရုတ်စစ်တပ်မှလေယာဉ်၁၆စင်းနှင့်သင်္ဘော၄စင်းကို ခြေရာခံမိခဲ့ကြောင်း ထိုင်ဝမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်ဟု Taiwan News သတင်းတွင်ဖော်ပြသည်။

"မောင်းသူမဲ့ဒရုန်းတစ်စင်းနှင့်လေယာဉ်၂စင်းသည်ထိုင်ဝမ်၏လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) ၏အနောက်တောင်ဘက်သို့ဝင်ရောက်ခဲ့သည်" ဟုဝန်ကြီးဌာနကတွစ်တာတွင်ရေးသားခဲ့သည်။

အဆိုပါမောင်းသူမဲ့လေယာဉ်မှာHarbin BZK-005ဖြစ်ပြီးလေယာဉ်၂စင်းမှာShaanxi Y-8ရေငုပ်သင်္ဘော တိုက်ဖျက်ရေးလေယာဉ်နှင့်Shaanxi Y-8ကင်းထောက်လေယာဉ်တို့ဖြစ်သည်။

တုံ့ပြန်သည့်အနေဖြင့်ထိုင်ဝမ်ကလေယာဉ်များစေလွှတ်ပြီးရေဒီယိုသတိပေးချက်များထုတ်ပြန်ကာPLAAF လေယာဉ်များကိုခြေရာခံရန်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်များချထားခဲ့ကြောင်း Taiwan News သတင်းကဖော်ပြခဲ့သည်။

ထိုင်ဝမ်ကိုကူညီရန်အမေရိကန်ကစိတ်ဝင်စားကြောင်းဖော်ပြခဲ့ပြီးကိုယ်ပိုင်အုပ်ချုပ်နေသည့်ထိုင်ဝမ်သို့အမေရိကန်ဒေါ်လာ၁ဒသမ၁ဘီလီယံတန်ဖိုးရှိလက်နက်ရောင်းချရေးအစီအစဉ်အတည်ပြုလိုက်ပြီးနောက်တရုတ်၏ မကြာသေးမီက ကျူးကျော်မှုများပေါ်ပေါက်လာခဲ့သည်။

အဆိုပါသဘောတူညီချက်တွင်Harpoon သင်္ဘောဖျက်ဒုံးကျည်များ၊Sidewinder တာတိုပစ်ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည်များနှင့်ရေဒါဆိုင်ရာကိရိယာများပါဝင်သည်။
 
၂၀၂၁ခုနှစ်တွင်တရုတ်စစ်လေယာဉ်များသည်ထိုင်ဝမ်၏ADIZ ဇုန်အတွင်းသို့ ရက်ပေါင်း၂၃၉ရက်အတွင်းအကြိမ်ပေါင်း၉၆၁ကြိမ်ဝင်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required