တရုတ်ကျောက်မီးသွေးသုံးစွဲမှုနှင့် ပတ်သက်၍ သမ္မတရှီက အလွန်အကျွံကတိပြုခဲ့

တရုတ်ကျောက်မီးသွေးသုံးစွဲမှုနှင့် ပတ်သက်၍ သမ္မတရှီက အလွန်အကျွံကတိပြုခဲ့

၂၀၂၁ခုနှစ်ဧပြီလကကျင်းပခဲ့သည့်ရာသီဥတုဆိုင်ရာထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင်တရုတ်သမ္မတရှီကျင့်ဖျင်ကကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံစီမံကိန်းများကို ထိန်းချုပ်ကာ၂၀၂၁-၂၀၂၅ခုနှစ် ၁၄ကြိမ်မြောက် ၅နှစ်စီမံကိန်းတွင် ကျောက်မီးသွေးပိုမိုသုံးစွဲလာမှုကို ကန့်သတ်မည်ဖြစ်ကြောင်း ပြောကြား ခဲ့သော်လည်း တရုတ်က ယင်းကြေညာချက်အတိုင်း လုပ်ဆောင်နိုင်ခြင်း မရှိပေ။ 

“တရုတ်ကကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံစီမံကိန်းတွေကိုတင်းတင်းကျပ်ကျပ်ထိန်းချုပ်သွားမှာ ဖြစ်သလို ၁၄ကြိမ်မြောက်၅နှစ်စီမံကိန်းကာလ (၂၀၂၁-၂၀၂၅) မှာ ကျောက်မီးသွေးပိုမိုသုံးစွဲလာမှုကိုတင်းတင်းကျပ်ကျပ်ကန့်သတ်ပြီး၁၅ကြိမ်မြောက် ၅နှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀)" မှာ အဆင့်လိုက်လျော့ချသွားပါမယ်”ဟု ၎င်းကပြောကြားခဲ့သည်။
 
သို့သော်တရုတ်ကကမ္ဘာ့စံချိန်တင်ထုတ်လုပ်မှုဖြစ်နေသည့်အဆင့်တွင်ကျောက်မီးသွေးတူးဖော်မှုပမာဏတန်ချိန်သန်း ၃၀ဝထပ်မံထုတ်လုပ်မည်ဟု၂၀၂၂ခုနှစ်ဧပြီလတွင်ကြေညာထားခြင်းကြောင့်၂၀၂၂ခုနှစ်တွင် အဆိုပါ မှတ်ချက်များကိုတရုတ်သမ္မတရှီကျင့်ဖျင်ကမသိကျိုးကျွံပြုနေကြောင်းဟောင်ကောင်ပို့စ်သတင်းတွင်ဖော်ပြထားသည်။

တရုတ်၅နှစ်စီမံကိန်းများသည်ယင်း၏စီးပွားရေးပန်းတိုင်များ၊ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်များနှင့် လာမည့် ၅နှစ် အတွက် အထွေထွေပြောင်းလဲမှုများကို အနှစ်ချုပ်ပုံဖော်သည့် အဓိကစည်းမျဉ်းများဖြစ်သည်။

သို့သော ်ရှီကျင့်ဖျင်ကပုံဖော်သည်ဟုယူဆရသည့် ၁၄ကြိမ်မြောက်၅နှစ်စီမံကိန်းသည် တစ်နှစ်ကျော်မျှသာ ရှိသေးချိန်တွင်တရုတ်ကကျောက်မီးသွေးနှင့်ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံများနှင့်ပတ်သက်၍ ယင်း၏ လမ်းညွှန်ချက်ကို ပြောင်းလဲရန် တွန်းအားပေးခဲ့သည်။

ဗဟိုဘဏ္ဍာရေးနှင့်စီးပွားရေးကော်မရှင်ရုံး၏လက်ထောက်အကြီးအကဲဟန်ဝမ်ရှုးကအဆိုပါအစီအစဉ်၏ မူကြမ်းအဆင့်တွင် ရှီသည် "ပုဂ္ဂိုလ်ရေးအရပြုပြင်မွမ်းမံပြီးစာသားကိုအတည်ပြုခဲ့ကာ ယင်းအပေါ်များစွာသော  ကြိုး ပမ်းအားထုတ်မှုများပြုလုပ်ခဲ့ကြောင်းပြောကြားခဲ့သည်။

ယင်းအချက်ကိုထည့်သွင်းစဉ်းစားခြင်းသည် ရှောင်လွှဲ၍မရသောနိဂုံးချုပ်ဖြစ်ပြီး၂၀၂၁ခုနှစ်တွင် တရုတ်ကို ကျောက်မီးသွေးမှ ဝေးရာသို့ကူးပြောင်းနိုင်မည်ဟု ရှီကအလွန်အကျူး ကတိပြုခဲ့သည်ကို သူကိုယ်တိုင် သတိပြု မိနိုင်ကြောင်း ဟောင်ကောင်ပို့စ်က ဖော်ပြခဲ့သည်။

သုံးလကျော်အတွင်းကျောက်မီးသွေးအသစ်ထပ်မံထုတ်လုပ်မှုသည်၂၀၂၁ခုနှစ်တွင်ခွင့်ပြုခဲ့သည့် စုစုပေါင်းအပို ထုတ်လုပ်မှု၏ ၄၆ရာခိုင်နှုန်းနှင့်ညီမျှကြောင်း သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly