ဆော်လမွန်ကျွန်းစုဝန်ကြီးချုပ်က၂၀၁၉ခုနှစ်တွင်တရုတ်နှင့် သံတမန်ဆက်ဆံရေးတရားဝင် စတင်ချိန်မှစ၍ ဆော်လမွန်ကျွန်းစုသည် "ခိုင်လုံမှုမရှိလွဲမှားသောဝေဖန်မှုများ၊သတင်းမှားများနှင့်ခြိမ်းခြောက်မှု" ခံရကြောင်း စက်တင်ဘာ၂၃ရက်တွင် ကန့်ကွက် ပြောဆိုလိုက်သည်။
နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားရာတွင် ဝန်ကြီးချုပ် ဆိုဂါဗာရီက ဆော်လမွန်းကျွန်းစုသည် မတရားပစ်မှတ်ထားခံနေရပြီး မီဒီယာများတွင်ရှုတ်ချခံနေရကြောင်း ပြောကြားခဲ့သည်။
ယင်းကဲ့သို့ပြုမှုဆက်ဆံမှုက ၎င်းတို့၏ဒီမိုကရေစီနှင့်အချုပ်အခြာအာဏာကိုခြိမ်းခြောက်နေကြောင်း ပြောကြားခဲ့သည်။
တရုတ်ကတောင်းဆိုနေသည့် ကိုယ်ပိုင်အုပ်ချုပ်နေသော ထိုင်ဝမ်နှင့် ဆော်လမွန်ကျွန်းစုသည်ယခင်က သံတမန်ဆက်ဆံရေးရှိခဲ့သော်လည်း၂၀၁၉ခုနှစ်တွင် တရုတ်ကိုပြောင်းလဲ အသိအမှတ်ပြုခဲ့သည်။
ထိုအချိန်မှစ၍ တရုတ်နှင့်ပိုမိုနီးစပ်လာခဲ့ပြီးတရုတ်၏ ပစိဖိတ်ဒေသရှိလုံခြုံရေးအစီအမံများကြောင့် အမေရိကန်နှင့် အခြားအနောက်နိုင်ငံများက စိုးရိမ်ပူပန်လာခဲ့သည်။
“ဒီမိုကရေစီနည်းက ျရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကနေဒီမိုကရေစီနည်းလမ်းတကျ ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ”ဟုတရုတ်အားအသိအမှတ်ပြုမှုနှင့်ပတ်သက်၍ ဆိုဂါဗာရီကပြောကြားခဲ့သည်။
"မိမိတို့ရဲ့အချုပ်အခြာအာဏာနဲ့ဒီမိုကရေစီကိုလေးစားလိုက်နာဖို့အားလုံးကိုထပ်လောင်းတောင်းဆိုပါတယ်"
ဆော်လမွန်ကျွန်းစုသည် အားလုံးရဲ့မိတ်ဆွေဖြစ်ပြီး ရန်သူမရှိသောနိုင်ငံခြားရေးမူဝါဒ ကို ချမှတ်ခဲ့သည်ဟုဆိုဂါဗာရာကပြောကြားခဲ့သည်။
ပစိဖိတ်ကျွန်းစုဒေသသည်တရုတ်၊အမေရိကန်နှင့်ယင်း၏မဟာမိတ်များကြားပထဝီဝင်နိုင်ငံရေးပြိုင်ဆိုင်ရာနေရာသစ်တစ်ခုဖြစ်လာနေသည်။