ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီ ချီတက်ဆန္ဒပြ

ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီ ချီတက်ဆန္ဒပြ

မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီက ယမန်နေ့ အောက်တိုဘာလ ၁ရက်နေ့တွင် ကုလအမြဲတမ်းကိုယ်စားလှယ်နေရာတွင် ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ရန်နှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပြသသည့် “Accept NUG,Our Ambassador, Reject Dictator “စာသားပါ ဘန်နာကို ကိုင်ဆွဲလျက် ဆက်လက် ချီတက်ဆန္ဒပြကြသည်။

“ကုလသမဂ္ဂ သံအမတ်ဟာ ကျနော်တို့ ယုံယုံကြည်ကြည် တင်မြောက်ထားတဲ့ NUG၏ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းပဲဖြစ်ရပါမယ်။

စစ်ကောင်စီ၏ ကိုယ်စားလှယ် လုံးဝလုံးဝ အလိုမရှိပါ”ဟု ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီက ပြောဆိုသည်။

စာတည်း ။ ။ ဖူးသိမ်ကျ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly