စီးပွားရေးထိခိုက်မှုနှင့် ကုန်ဈေးနှုန်းများမြင့်တက်မှုကြောင့် အာဖဂန်ပြည်သူများ နေထိုင်စားသောက်ရေး ကျပ်တည်းနေ

စီးပွားရေးထိခိုက်မှုနှင့် ကုန်ဈေးနှုန်းများမြင့်တက်မှုကြောင့် အာဖဂန်ပြည်သူများ နေထိုင်စားသောက်ရေး ကျပ်တည်းနေ

အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့ ထိန်းချုပ်အာဏာရပြီးနောက်ပိုင်း ပြည်သူများသည် လက်ရှိ ဖြစ်ပေါ်ဆဲ စီးပွားရေး အကျပ်အတည်း၏ အဆိုးဆုံးအခြေအနေနှင့် ဆက်လက် ရင်ဆိုင်ကြုံတွေ့နေရသည်။

ပြီးခဲ့သည့် သီတင်းပတ်အနည်းငယ်အတွင်း ဟင်းသီးဟင်းရွက်ဈေးနှုန်းများက ၃ဆအထိ ထိုးတက်သွားခဲ့ရာတွင် သာမန်ပြည်သူများအတွက် နေ့စဉ် လိုအပ်သည့် စားသောက်ကုန်များကို ဝယ်ယူရန် ခက်ခဲသည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

“အစိုးရအနေနဲ့ ကုန်ဈေးနှုန်းတွေကို ထိန်းချုပ်သင့်ပြီး ဈေးနှုန်းကန့်သတ်မှုတစ်ခု သတ်မှတ်သင့်ပါတယ်” ဟု ကဘူးလ် ဒေသခံတစ်ဦးဖြစ်သည့် မူဂျ်တာဘာက ပြောကြောင်း Khaama Press မီဒီယာက ဖော်ပြသည်။

 ဟင်းသီးဟင်းရွက်များနှင့် နေ့စဉ် မရှိမဖြစ် လိုအပ်သည့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများ မြင့်တက်နေခြင်းကို အလေးပေး ထုတ်ဖော်ရင်း တာလီဘန်အာဏာပိုင်တို့အနေဖြင့် ဈေးနှုန်း ထိန်းချုပ်ကန့်သတ်မှု လုပ်သင့်ကြောင်း ကဘူးလ် ဒေသခံများက တိုက်တွန်းခဲ့သည်။

“ဟင်းသီးဟင်းရွက်ဈေးတွေက ထိုးတက်နေတယ်။ ကျွန်တော်တို့မှာ အလုပ်အကိုင်လည်း မရှိတဲ့အတွက် ဒါတွေကို ဝယ်ဖို့တောင် ခက်ခဲတဲ့ အခြေအနေ ဖြစ်နေပါတယ်” ဟု အခြားဒေသခံတစ်ဦးဖြစ်သည့် ရှား ဟူစိန်က ပြောသည်။

 ပြည်တွင်းဈေးကွက်များတွင် ဟင်းသီးဟင်းရွက် ဈေးနှုန်းများ မြင့်တက်ရခြင်း၏ အဓိက အကြောင်းရင်းက ရေကြီးမှုနှင့် နောက်ဆက်တွဲရလဒ်အဖြစ် စိုက်ပျိုးမြေများ ထိခိုက်မှုဖြစ်ပေါ်ခြင်းတို့ ဖြစ်ကြောင်း ကဘူးလ်ရှိ ဈေးသည်များက ပြောသည်ဟု Tolo News က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required