တိဗက်တွင် တရုတ်၏ ပြင်းထန်သော ဖိနှိပ်မှုအပေါ် ကုလအဖွဲ့ဝင်နိုင်ငံများက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆို

By Tibet Rights Collective
28 September 2022
တိဗက်တွင် တရုတ်၏ ပြင်းထန်သော ဖိနှိပ်မှုအပေါ် ကုလအဖွဲ့ဝင်နိုင်ငံများက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆို

တိဗက်တွင် ဆက်လက်ဆိုးရွားနေသည့် လူ့အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍ ဥရောပသမဂ္ဂ (အီးယူ) အနေဖြင့် အလွန်စိုးရိမ်ပူပန်လျက်ရှိသည်။
 
ဂျီနီဗာတွင် ပြုလုပ်နေသည့် ၅၁ ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးတွင် တိဗက်တွင် တရုတ်နိုင်ငံ၏ အကွက်ချဖိနှိပ်မှုများအပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။ တရုတ်က တိဗက်အပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်လူ့အခွင့်အရေး ချိုးဖောက်မှု များအပေါ် ပြင်းထန်သော ထိန်းချုပ်မှုကိုလည်း နိုင်ငံများက အလေးထားပြောကြားခဲ့ကြသည်။

အမေရိကန်၊ ဒိန်းမတ်၊ ဂျာမနီ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ လစ်သူယေးနီးယားနှင့် ဥရောပသမဂ္ဂတို့ အပါအဝင် နိုင်ငံပေါင်း ၂၇ နိုင်ငံကိုယ်စား နိုင်ငံများက တရုတ်နိုင်ငံ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် အလေးအနက်ထားပြောကြားကာ တိဗက်ဒေသရှိ အခြေအနေများကို စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

တိဗက်နှင့် ပတ်သက်၍ အမေရိကန်က တိဗက်ရှိ “တိဗက်လူမျိုးများအပေါ် ပြင်းထန်စွာ ဖိနှိပ်မှုနှင့် ၎င်းတို့၏ ထူးခြားသော ဘာသာရေး၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာ ဝိသေသလက္ခဏာများ” အတွက် စိုးရိမ်ပူပန်နေဆဲဖြစ်သည်။

နိုင်ငံပေါင်း ၂၇ နိုင်ငံကိုယ်စား ဥရောပသမဂ္ဂ၏ထုတ်ပြန်ချက်တွင် ချက်သမ္မတနိုင်ငံက နောက်ဆုံး ထွက်ပေါ် လာသော သက်သေများက တိဗက်အပါအဝင် တရုတ်တွင် လူ့အခွင့်အရေးအခြေအနေများ၏ ဆိုးရွားမှုကို အတည်ပြုခဲ့သည်။

တရုတ်ရှိ လူ့အခွင့်အရေးအခြေအနေများကို အနီးကပ်စောင့်ကြည့်ရန်၊ အစီရင်ခံရန်နှင့် အကဲဖြတ်ရန် အီးယူက ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်များနှင့်အတူ လူ့အခွင့်အရေးကောင်စီကို တောင်းဆိုထားသည်။ နောက်ဆုံးထွက်ပေါ်လာသည့် သက်သေအထောက်အထားများတွင် အထူးသဖြင့် ရှင်ကျန်း၊ တိဗက်နှင့် အတွင်းမွန်ဂိုလီးယားအပါအဝင် တရုတ်ရှိ လူ့အခွင့်အရေးအခြေအနေ၏ ဆိုးရွားမှုကို အတည်ပြုထားသည်။

တရုတ်နိုင်ငံတစ်ဝန်း အထူးသဖြင့် ရှင်ကျန်း၊ တိဗက်နှင့် အတွင်းမွန်ဂိုလီးယားတွင် လူမျိုးရေး၊ ဘာသာရေးနှင့် ဘာသာစကား လူနည်းစုနှင့် ဝီဂါများအပါအဝင် အားလုံးအတွက် လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များကို လေးစားလိုက်နာပြီး ကာကွယ်ပေးရေးအတွက် နိုင်ငံနှင့် နိုင်ငံတကာဥပဒေများအောက်ရှိ ၎င်း၏ တာဝန်များကို လိုက်နာရန် အီးယူမှ တရုတ်နိုင်ငံကို တိုက်တွန်းထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly